Unicode
နောက်တစ်နေ့မနက်~~~
လွဲ့ယျန်တစ်ယောက် စောစောနိုးလာလေသည်
သူသည်အလုပ်တစ်ခုခုရှိလျှင် အမြဲစောနိုးတတ်သည်'ဂရေး ဟိုကောင်ရော'
'ဘယ်ကောင်လဲ host'
'ရန်မင်းချန်ကိုပြောတာ'
'အော် သူလား သူ host မနိုးခင် နာရီဝက်လောက်အလိုက
နိုးပြီး ထသွားတာ''ဟူး တော်သေး ငါမနေ့က အဆိပ်စားပြီး သေပြီထင်နေတာ'
'ဟင် host ကို ဘယ်သူအဆိပ်ခတ်လို့တုန်း'
'ဟိုကောင် ရန်မင်းချန်လေ ငါ့ကိုမနေ့က မုန့်တွေကျွေးနေတော့ အဆိပ်ခတ်ပြီး သတ်ဖို့ထင်နေတာ'
'.......'
'ဒါနဲ့ မင်းမနေ့က ဘယ်ရောက်သွားတာ'
'အထက်က ရုတ်တရက်ခေါ်လာလို့ ဟီးဟီး'
'အေး အဲ့တာ ငါမေးမလို့ အထက်ဆိုတာ ဘာတုန်းဟ'
'အထက်ဆိုတာ...'
'အင်း'
'အောက် မဟုတ်ဘူး'
'ဒေါက် မင်းမေကြီးတော်တွေပြောနေလိုက် အထက်ကအောက်မဟုတ်တာ သူငယ်တန်းကလေးတောင်သိတယ်'
'ဟာ host ကလဲ လက်မပါနဲ့လေ နာတယ်ဗျ'
'မနာချင်ရင် သေချာပြော'
'အင်း..host နားလည်အောင် ပြောရရင် အဲ့ဒါကရှင်းရခက်တယ်ဗျ'
'ဟေ ဟုတ်လား တော်တော်ရှုပ်လို့လား အဲ့ဒါကြီးက'
'မရှုပ်ဘူး သက်သက်လျှောက်ပြောတာ😜'
'ဒီကောင်စုတ်'
'စတာ စတာလို့ လိုက်မရိုက်နဲ့လို့'
နှစ်ယောက်သားအခန်းထဲမှာ တစ်ယောက်ကလိုက် တစ်ယောက်ကပြေးနဲ့ ယောက်ယက်ခတ်နေကြသည်
'မင်းသေချာပြော ငါလုပ်စရာရှိသေးတယ်'
'ဟုတ် ဟုတ် အထက်ဆိုတာ host ရယ် boss ပေါ့ဗျာ
သိတယ်မလား အထက်လူကြီးတို့ဘာတို့လေ''အော် အင်း'
'ဒေါက်''အားးးးhost ဘာလို့ခေါက်ပြန်တာတုန်း'
YOU ARE READING
~~အောင်သွယ်တော် System~~
Romanceဘဝကို အထီးကျန်စွာဖြတ်သန်းနေတဲ့ သတိကြီးတဲ့ကောင်လေးတစ်ယောက် သေဆုံးသွားပြီး system ထဲရောက်သွားသောအခါ ဘာတွေဆက်ဖြစ်မလဲ..... ( ဒီဇာတ်လမ်းထဲက အကြောင်းအရာ ( သို့မဟုတ် ) နာမည် အစရှိသည့် တစ်ခုခု တခြား ဇာတ်လမ်းများနှင့် ထပ်တူနေပါက တောင်းပန်ပါတယ် စိတ်ကူးထဲတ...