Unicode
ယွဲ့ချီတစ်ယောက် အဖြစ်မှန်ပေါ်သွားမှာစိုး၍ ကြောက်လန့်ကာ အစီအစဉ်မကျတဲ့စကားတွေ ပြောမိနေလေသည်
"သမီး ဘာဖြစ်တာလဲ စိတ်ထိန်းထားပါအုန်း"
"ဟင့်အင်း မဟုတ်ဘူး မမြင်ဘူး ဘယ်သူမှမသိလိုက်ဘူး ဟုတ်တယ် အဆိပ်ခတ်တာ ငါဆိုတာ ဘယ်သူမှမသိဘူး"
"သမီး ဘာပြောလိုက်တာ"
"ဟမ် ဘာပြော အားးးးမဟုတ်ဘူး မဟုတ်ဘူး အရှင် အရှင် ကျွန်မကိုယုံတယ်မလား"
"တရားခံကို မင်းကိုယ်တိုင်ပဲ ဖော်ထုတ်လိုက်ပြီးပြီ မင်းက အသေးလေးကို စွပ်စွဲအပြစ်တင်ချင်နေသေးတာလား"
"မဟုတ်ဘူး အရှင် အဲ့တာအမှန်မဟုတ်ဘူး သူ သူ အဲ့ကောင် အဲ့ကောင်လုပ်တာ"
"မင်း အခုထိကိုယ့်အပြစ်ကိုယ် မသိသေးဘူးလား သေဒဏ်ကျမှ နောင်တရမှာလား မင်းပြောစမ်း"
"ဟမ် မဟုတ် မဟုတ်ဘူး သေဒဏ်မဖြစ်ရဘူးး မလုပ် မလုပ်ပါနဲ့"
*ဘုန်း*
"အသေးလေး အသေးလေး ဘာဖြစ်တာလဲ အသေးလေး"
"ရန် ကျွန်တော့်ဗိုက် အရမ်း"
"ဟင် ဘာဖြစ်လို့လဲ ဗိုက်အောင့်လို့လား
သမားတော် သမားတော်ခေါ်လိုက်""ရန် ကျွန်တော့်ဗိုက် အဆင်မပြေဘူး"
"ခဏလေး ခဏလေးပဲတောင့်ခံထားနော် ပြီးရင်သက်သာသွားမှာ ကိုယ်ကုတင်ပေါ်တင်ပေးမယ် နားနေနော်"
"အွန်း အဟွတ် အဟွတ်"
"ဟင် ဒါက သွေး သွေးတွေ အသေးလေး သတိထားအုန်းလေ"
လွဲ့ယျန်ပါးစပ်မှ ထွက်ကျလာတဲ့သွေးတွေကို မြင်တာနဲ့ အကုန်လုံးလှုပ်လှုပ်ရှားဖြစ်ကုန်ကြသည် ထိုအချိန်
"အဟက် ဘာ ငါ့ကိုသေဒဏ်ပေးမယ်ဟုတ်လား ငါတစ်ယောက်ထဲတော့ အသေမခံနိုင်ဘူးလေ နင့်ကိုပါခေါ်သွားမှာ ခွေးကောင်"
"မင်း အသေးလေးကိုဘာလုပ်ထားတာလဲ"
"အရှင် ဒီလက္ခဏာတွေကို ကြည့်ရတာ အဆိပ်တစ်မျိုးဖြစ်မယ်"
ဘေးနားမှာ တစ်ချိန်လုံးရှိနေတဲ့ ကိုယ်ရံတော်မှ သူထင်မြင်မိတာကိုဝင်ပြောလာသည်
VOCÊ ESTÁ LENDO
~~အောင်သွယ်တော် System~~
Romanceဘဝကို အထီးကျန်စွာဖြတ်သန်းနေတဲ့ သတိကြီးတဲ့ကောင်လေးတစ်ယောက် သေဆုံးသွားပြီး system ထဲရောက်သွားသောအခါ ဘာတွေဆက်ဖြစ်မလဲ..... ( ဒီဇာတ်လမ်းထဲက အကြောင်းအရာ ( သို့မဟုတ် ) နာမည် အစရှိသည့် တစ်ခုခု တခြား ဇာတ်လမ်းများနှင့် ထပ်တူနေပါက တောင်းပန်ပါတယ် စိတ်ကူးထဲတ...