Arc 1.5(လွဲ့ယျန်)

141 19 4
                                    

Unicode

သုံးလကြာ စစ်ပွဲဆင်နွှဲပြီးသောအခါ
ရန်တိုင်းပြည်သည် ရန်မင်းချန်၏ စစ်ရေးစွမ်းရည်ကောင်းမွန်မှုကြောင့်
အောင်မြင်ခဲ့လေသည်
သို့ပင်မဲ့ ကိုယ့်ဘက်လည်း အထိနာခဲ့သည်
‌အဆိုးထဲမှ အကောင်းဟုပြောရမည်လား
ရန်မင်းချန်သည်တော့ ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ပေ

တစ်ဖက်တွင်လည်းအကောက်ကြံဖို့စဉ်းစားနေသော
မြေခွေးအိုမ ယွဲ့ချီသည်လည်း အစီအစဉ်များစီစဉ်ပြီးလေပြီ

-----------------

ဝေးဝေး-"မင်းသားလေး အရှင်ပြန်လာပြီ"

"တကယ်လား အဲ့တာဆိုကျွန်တော်သွားတွေ့ရမှာပေါ့
အရှင်စားဖို့ စားသောက်ပွဲပြင်ဆင်ထားလိုက်တော့"
(လွဲ့ယျန်သည် ဘာကြောင့်မှန်းမသိအရမ်းပျော်ရွှင်နေလေသည်)

"ဟုတ်ကဲ့ပါ မင်းသားလေး"

လွဲ့ယျန်သည် ရန်မင်းချန်အားတွေ့ရန် အလောတကြီးထွက်လာလေသည်

"ရန် ပြန်လာ...."
ရန်ပြန်လာပြီလားဟု ပြောဖို့ကြံရွယ်နေခြင်းဖြစ်သည်
သို့သော် သူမြင်လိုက်သောမြင်ကွင်းကြောင့်
အလွန်ဝမ်းနည်းသွားလေသည်
ဤသည်မှာ ယွဲ့ချီသည် ရန်မင်းချန်အားတင်းကျပ်စွာဖက်ထားခြင်းဖြစ်သည်

'အာ ငါမေ့သွားတာပဲ ရန်မင်းချန်ကလဲ
ငါ့ကို သတ်ဖို့ကြံနေတာပဲဟာ ငါ့အပေါ်ပြုမူတာတွေကို
ငါအတည်ကြီးထင်မိနေတာပါလား
နောက်ဆုံးတော့လဲ ငါတစ်‌ယောက်ထဲပဲ'

လွဲ့ယျန်မျက်လုံးမှ မျက်ရည်များစီးကျလာသည်
ဘာကြောင့် ငိုမိမှန်းသူ့ကိုယ်သူလဲ နားမလည်နိုင်ပေ
သူ ရန်မင်းချန်ကိုမချစ်ပါ
ဒါပင်မဲ့ထိုအရာကိုမြင်လိုက်ရတော့ သူဝမ်းနည်းသည်
သူနာကျင်ရသည်
လွဲ့ယျန်လဲ သူ့အဆောင်သို့သာ အပြေးပြန်လာခဲ့တော့သည်
ဒါပင်မဲ့ သူမြင်လိုက်ရသည်က အမှန်မဟုတ်သည်ကို
သူမသိခဲ့ပေ

‌"ယွဲ့ချီ မင်းဘာလုပ်တာလဲ ဖယ်စမ်း"

"အရှင် အရှင်ကသူများကိုအော်တယ် သူများကိုမချစ်တော့ဘူးလား"
(သူများဆိုတာ သူ့ကိုသူပြောတာနော် သိတယ်မလား😁)

~~အောင်သွယ်တော် System~~Où les histoires vivent. Découvrez maintenant