Introduction

506 20 2
                                    

Unicode

ပါတီတစ်ခုတွင်~~

"ပူးပေါင်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မဟုတ်တာ ကျွန်တော်ကသာခင်ဗျားလို နာမည်ကြီးစီးပွား‌ရေးသမားနဲ့ ပူးပေါင်းရတဲ့အတွက် ကျေးဇူးတင်ရမှာပါ"

"ဟားဟား မြှောက်နေပြန်ပါပြီ"

မြန်မာနိုင်ငံ၏ Top 10 ဝင်
စီးပွားရေးသမားတစ်ယောက်နှင့်
ရှယ်ယာရှင်တစ်ယောက်
စကားပြောဆိုနေခြင်းဖြစ်သည်

ထိုစီးပွားရေးသမား၏အမည်မှာ
'မိုးဟိန်းမာန်'ဆိုသူဖြစ်သည်
အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်း ခန္ဓာကိုယ်ကမိန်းကလေးများကဲ့သို့
အချိုးအစားလှပလှသည်
မွေးရာပါ ဆံပင်အညိုရောင်ကလည်း
အလွန်ပင်လိုက်ဖက်လှသည်
ထိုသူသည် အရပ် 5'9" ရှိသည်
အဝေးမှုန်သောကြောင့် မျက်မှန်အဝိုင်း တပ်ဆင်ထားရသည်
မြင်သူတိုင်းလည်ပြန်ငေးမောရသည့်
ရုပ်ရည်ပိုင်ရှင် ဖြစ်သည်

ထိုသူသည်
အသက်က 20 ပင်ရှိသေးသော်လည်း
အသက်နှင့်မလိုက်အောင် စီးပွားရေးတွင်
သူမတူအောင် ထက်မြက်ကာ အလွန်အောင်မြင်သည်
သူနှင့်ပူးပေါင်းလုပ်ကိုင်သည့် အလုပ်ကိစ္စတိုင်းသည်လည်း
မအောင်မြင်သည်ဟုမရှိပေ

ထိုသို့အလွန်ထက်မြက်သော ထိုသူသည်
ငယ်စဉ်ကပင်မိဘနှစ်ပါးလုံး ကား accident ဖြင့်
ဆုံးပါးသွားသောကြောင့် ကိုယ့်အားကိုယ်ကိုးကာ
နေထိုင်ခဲ့ရသည် မောင်နှမလဲမရှိ အမျိုးတွေလည်းမရှိတာကြောင့်
အထီးကျန်ခဲ့ရသည်

ထိုသူသည် ငယ်ငယ်ကပင် ကိုယ့်အားကိုယ်ကိုးကာ
နေထိုင်ခဲ့ရသောကြောင့် သူငယ်ချင်းထားဖို့အချိန်လည်း
မရှိပေ

ထိုသို့ဆိုပင်မဲ့လည်း သူနဲ့သူငယ်ချင်း
ဖြစ်ချင်သူများသည်
သူ့ပိုက်ဆံကို လိုချင်လို့သာ သူငယ်ဖြစ်ချင်ကြောင်း
သိသည့်ထဲကစ၍ သူ သူငယ်ချင်းမထားတော့သည်ဟု
ပြောလျှင် ပိုမှန်ပေမည်
သူ့မိဘများသည် ချမ်းသာသောကြောင့်
တစ်သက်စားမကုန်အောင်
အမွေများစွာ ပေးခဲ့သော်လည်း သူသည်
မိဘပိုက်ဆံကိုသာ ထိုင်စားသည်ဟု
အပြောမခံနိုင်ပေ

~~အောင်သွယ်တော် System~~Hikayelerin yaşadığı yer. Şimdi keşfedin