Appellant (3)

67 9 4
                                    

Break time ရောက်တော့

beakhyunနဲ့အတူ ကန်တင်းကိုသာ သွားလိုက်သည်။ထမင်းဘူးပါရအောင် လည်း Yifan သည်တစ်ကောင်ကြွက်။beakhyunကတော့ တမင်မယူလာခဲ့ခြင်း။

အင်းလေ...စဉ်းစားကြည့် တက္ကသိုလ်တက်ပါပြီဆို ထမင်းဘူးကြီးတကားကားနဲ့ ကလေးလည်းမဟုတ်ဘဲနဲ့။

ရှိုးနဲ့ စမိုးနဲ့ အပီအပြင် ပဲများလာပါတယ်ဆိုနေ ကန်တင်းမှာဘဲ စားမှာပေါ့။

ကန်တင်းရောက်တော့

" Yifan!! ဒီကိုလာ!!....."

Kim Kaiရဲ့အသံ ထွက်ပေါ်လာသည်။

Yifanရော beakhyunရော Kim Kaiတို့ဝိုင်း မှာသာ ထိုင်လိုက်သည်။Kim Kaiဘေးတွင်တော့ ပုပုသေးသေးကောင်လေးနှစ်ယောက်။

"မင်းတို့ကိုမိတ်ဆက်ပေးမယ် ဒါက ငါ့ရဲ့သူငယ်ချင်းတွေ သူကDo Kyung Soo၊သူကKim Min Seok"

" တွေ့ရတာဝမ်းသာပါတယ်၊ကျွန်တော်ကWu  Yifanပါ၊ဒါကကျွန်တော့်ရဲ့ငယ်သူငယ်ချင်း Byun beakhyun "

အပြန်အလှန်မိတ်ဆက်ပြီးနောက် ကိုယ့်အကြောင်း သူ့အကြောင်းပြောရင်း အဖွဲ့ကျသွားကြ‌သည်။

Kim Kaiတို့အဖွဲ့သည် ဖော်‌ရွေတတ်ပြီး စိတ်ရင်းစေသနာကောင်းမှန်း ခဏအတွင်း သိလိုက်ရသည်။

Yifan အချိုရည်ဘူးကို လှမ်းယူလိုက်စဉ်
တစ်စုံတစ်ယောက်၏လက်ဖြင့်ပုတ်ချခံလိုက်ရသည်။

"အိုး.....sorry မတော်တဆ"

Yifanမော့ကြည့်လိုက်‌တော့ Park Chanyeolဆိုတဲ့ကောင်၊

တိတ်ဆိတ်သွားသောကန်တင်းထဲမှာ  Yifanတို့ကို စိတ်ဝင်တစားကြည့်နေကြသော မေဂျာစုံမှ ကျောင်းသူကျောင်းသားများ။

ပြသနာမဖြစ်ချင်တာကြောင့် သည်းခံဖို့သာ ဆုံးဖြတ်လိုက်သည်။

" ရပါတယ်..."

ကျောင်းဝတ်စုံပေါ်သို့ ဖိတ်စင်သွားသော အချိုရည်များကိုသာ တစ်ရှူးဖြင့်သုတ်နေလိုက်သည်။

ထိုစဉ် ခေါင်းပေါ်မှစီးကျလာသော အချိုရည်များ၊

"ဒီမှာ Park Chanyeol ရှီး ဒါအရမ်းလွန်နေပြီလို့ မထင်ဘူးလား၊"

မနေနိုင်သော beakhyun မှဝင်ပြောလိုက်ခြင်း။

" ဘာလို့လဲ..... စောစောက မှောက်ဖိတ်သွားတဲ့ အချိုရည်ကို အစားလျော်တာလေ"

AppellantWhere stories live. Discover now