Appellant(6)

86 8 4
                                    


မှောင်မဲနေတဲ့လမ်းကြားထဲ ဖုန်းမီးအလင်း‌ရောင်ကို အားပြု၍ လမ်းလျှောက်လာသည်မှာ ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း
နောက်ပါးမှ ခြေသံတရှပ်ရှပ်ကYifanကို ကျောချမ်းစေသည်။

ဒီလိုရပ်ကွက်ကလမ်းကြိုလမ်းကြားများတွင် မှောင်ရိပ်ခိုကာ‌လှုပ်ရှားကြသည့် ဆေးသမားတွေ၊ ဒုစရိုက်သမား‌တွေ ရှိတတ်တာကြောင့် ကြောက်စိတ်ကပိုလာရသည်။

အိမ်သို့အမြန်ရောက်အောင် ပြေးလေ နောက်မှခြေသံကလည်းပိုမြန်လာလေဖြစ်သည်၊

အိမ်ရှေ့ရောက်သည်အထိ ထိုခြေသံကကြားနေရဆဲ၊

'အဆင်ပြေသွားမှာ Wu Yifan အဆင်ပြေသွားမှာ သတ္တိရှိရှိရင်ဆိုင်လိုက်စမ်း.....'

Yifan‌ကြောက်စိတ်ကိုထိန်းကာ နောက်လှည့်ပြီး မေးလိုက်သည်၊

"ဘယ်...ဘယ်သူလဲ??ငါ့...ငါ့မှာ တန်ဖိုးကြီးတာ ဘာ..ဘာမှမရှိဘူးနော်!!"

'လခွမ်း!!အရေးထဲ စကားကထစ်နေသေးတယ်'

"မင်းမှာ တန်ဖိုးကြီးပစ္စည်းတွေမရှိမှန်း ငါသိသားပဲ"

ရုတ်တရက်ထွက်လာသော အသံဩရှရှ

"မင်း! မင်းငါ့နောက်ကိုဘာလိုက်လုပ်တာလဲ?"

"ကျေးဇူးဆပ်မယ်ဆို? "

"အဲ့ဒါက နောက်..နောက်မှလေ!"

"အကြွေးဆိုတာ အကြာကြီးမထား‌ကောင်းဘူး၊
အထူးသဖြင့် ကျေးဇူးကြွေးဆိုရင်ပေါ့"

"..............."

" အကြွေးအကြောင်းလေး ဆွေးနွေးရအောင် အိမ်ထဲဝင်ခွင့်ပြုပါဦး "

Yifanဘာမှမပြောနိုင်ခင် သူကတော့အိမ်ထဲရောက်သွားလေပြီ၊

အိမ်ထဲဝင်ဝင်ချင်း

"အိမ်ကလည်း ကျဉ်းလိုက်တာ "

တံခါးကိုဆွဲဖွင့်လိုက်တော့

"ဒီတံခါးရွက်က ဆွေးနေပြီ....."

အပေါ်မော့ကြည့်ပြန်တော့

"အမိုးကလည်း ကွာတော့မယ်.."

ကြမ်းခင်းပေါ်ခြေချလိုက်ပြန်တော့

"ကြမ်းခင်းကလည်း ချက်ချင်းကျွံကျတော့မလိုပဲ"

"မင်းအိမ်က ကောင်းတာရောရှိသေးရဲ့လား??
ဒီလောက်စုတ်တဲ့အိမ်မှာ မင်းဘယ်လိုနေ‌နေတာလဲ"

AppellantWhere stories live. Discover now