"Roll-12 Wu Yifan ကဘယ်သူလဲ?.. တစ်ချက်လောက်မတ်တပ်ရပ်မယ်"
အတန်းတက်တက်ချင်း ဆရာဟျွန်ဝူးအမေးကြောင့် နည်းနည်းတော့လန့်သွားသည်၊
ဆရာဟျွန်ဝူးမှာ အသင်အပြကောင်းပြီး ကျောင်းသားများအပေါ်စည်းကမ်းတင်းကြပ်သည့်
circuit analysis ဘာသာပြဆရာတစ်ဦးဖြစ်ပေသည်၊အားလုံးက ချစ်ကြောက်ရိုသေကြသည်မှာလည်း Yifanအပါအဝင် ဖြစ်သည်၊
သို့သော် ဆရာကိုယ်တိုင် အတန်းထဲမှာ နာမည်ခေါ်မေးရလောက်အောင်
Yifan စည်းကမ်းတစ်ခုခုများဖောက်ဖျက်မိလို့လားဟုပင် အသဲအသန်စဉ်းစားကြည့် မိသည်၊
"ကျွန်တော်ပါ ဆရာ!"
အတန်းထဲတွင်လည်း အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်၊
" ဪ..မင်းလား??ထိုင်လို့ရပြီနော်..."
"ဟုတ်ကဲ့...ဆရာ"
"အထွေအထူးတော့မဟုတ်ပါဘူး...
ရှေ့အပတ်က စာမေးပွဲမှာ အမှတ်တော်တော်များနေလို့..မြင်ဖူးချင်ရုံပါဘဲ ရုံးခန်းထဲမှာလည်း မင်းအကြောင်းတော်တော်ပြောနေကြလို့လေ
ကြည့်ရတာတော့ အမှတ်ကောင်းတာ တစ်ဘာသာထဲမကဘူးထင်တယ်
ကောင်းတယ်.. ကောင်းတယ်.. ဆက်ကြိုးစား!!"
" အာ.....ဟုတ်ကဲ့ဆရာ "
ထိုနောက်တွင်တော့ ကျောင်းသားများ၏ တွတ်ထိုးသံများညံစီညံစီ ထွက်ပေါ်လာတော့သည်၊
"ဟေး!ဟိုက်ပါကြီး...နောက်လကျရင် ဒီပေါင်ပေ့လေးကို ကူညီမစပါဦးနော်..နော်..နော်"
ဘေးမှ Jongin က ဝင်နောက်လိုက်ခြင်းဖြစ်သော်လည်း
Yifanမှာ ပေါင်ပေ့လေး ဟူသောစကားလုံးကို ကြားပြီးသည်နှင့် နားရွက်ဖျားများရဲရဲနီဆွေးသွားတော့သည်၊
ထိုနေ့ညနောက်ပိုင်း Chanyeolကိုမတွေ့သည်မှာ တစ်ပတ်လောက်ပင်ရှိတော့မည်၊
မေမေကြီးဆေးရုံတင်ရတယ်လို့လည်း ဝိုးတဝါး ကြားလိုက်သည်မို့
တစ်ပတ်လောက်ကျောင်းပျက်သည်မှာလည်း ထိုအကြောင်းကြောင့်သာဖြစ်ပေလိမ့်မည်၊
![](https://img.wattpad.com/cover/308072675-288-k247508.jpg)
YOU ARE READING
Appellant
Fanfictionငါမင်းနဲ့ပြသနာမဖြစ်ချင်ဘူး။မင်းမကျေနပ်တာတွေ ရှိရင်လည်း ငါကတောင်းပန်တာမို့ကျေနပ်ပါတော့။ #wuyifan ငါ့ရှေ့မှာအဲ့လိုစောက်ရမ်းစိတ်ထားကောင်းတဲ့ပုံစံမျိုး လာလုပ်ပြမနေနဲ့..................... အဲ့တာကြောင့်မို့ကို ငါကကြ...