Part 1

94 7 0
                                    

Author's Note (A/N)

Hello, everyone! Thank you for reading my story. I would really appreciate your votes, as this is my first step into writing fiction. Feel free to provide feedback about what you'd like to happen to the characters or any new developments you'd like to see. Your opinions would help me for good. Once again, thank you so much for taking the time to read my story.

With love,

Moe Tout

-----------------------------------------------------------------------------------

နွေရာသီ ကျောင်းပိတ်ရက်။ ကျောင်းသား၊ ကျောင်းသူတိုင်း ပျော်ကြသည့် နွေရာသီ ကျောင်းပိတ်ရက်သည် သက်ထား အတွက်တော့ ပျော်စရာ မဟုတ်ပေ။ ၈ တန်း အစိုးရစစ် ပြီး၍ နားမည် ကြံသေး၊ ၉ တန်းဘာသာစုံကျူရှင်က စတက်နေရပြီ။ "အော် ငါလည်း နှစ်တိုင်းဘယ်တော့မှ မနားခဲ့ရဘူး။ သေမှပဲ နားရတော့မယ်ထင်ပါရဲ့" ဟုတောင် သက်ထား တွေးမိသည်။

ကျူရှင်တွင် အတန်း ၃ တန်း ရှိသည့်အနက် သက်ထား မှာ ကံကောင်း၍လား၊ ကံဆိုး၍လား မသိ။ ၈ တန်းကတည်းက ဒီကျူရှင်တွင် တက်နေသည့်သူများသာ ရှိသည့် အခန်းထဲတွင် တစ်ယောက်တည်း ကျောင်းသားသစ် ဖြစ်နေသဖြင့် အလွန်ပင် နေရခက်နေသည်။ အခန်းထဲတွင် သက်ထား သိသည့်လူများ ရှိသော်လည်း သိပ်မခင်လှပေ။ သို့သော် ပိုင်ရန်အောင်ဆိုသည့် တစ်ယောက်ကိုတော့ ၅ တန်းကတည်းက ကျက်စာဝိုင်းတွင် သိခဲ့၍ ခင်ခင်မင်မင် ရှိသည်။

ထို့ကြောင့် သက်ထား သည် မည်သူမျှ မထိုင်ချင်ကြသည့် အရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ အခြားမှာ ထိုင်ဖို့အတွက်လည်း အခန်းက ကျဉ်းသဖြင့် ယောက်ျားလေးဘက်တွင်သာ လွတ်နေသည်။

သက်ထား ထိုင်လိုက်ပြီး မကြာမီမှာပင် အင်္ဂလိပ်စာဆရာက အချိန်တိကျစွာ အခန်းထဲ ဝင်လာသည်။ သက်ထား တို့အားလုံး တစ်ပြိုင်နက် ထကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဆရာ"

"ဟေ့...ဒီ ပုပုလေးက ကျောင်းသားသစ်လား" ဟု ဆရာက သက်ထားကို ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာ"
ပုပုလေးတဲ့။ ငါအဲ့လောက်လည်း မပုပါဘူး။

"အေးပါ ကဲကဲ ထိုင်ကြ"

"ကျေးဇူးတင်ပါတယ် ဆရာ"

"ဟေ့...ပုတက်လေး ဘယ်က ပြောင်းလာတာလဲ"

အချစ်၏ဆုံမှတ် (Intersection of love)Where stories live. Discover now