Part 4 (The Past 2)

15 6 0
                                    

စာကျက်ဝိုင်းစပြီး နောက်တစ်ရက်ဖြစ်၏။ စာကျက်ဝိုင်းဆရာမက ၅ တန်းနှင့် ၆ တန်း သာ သင်သည်။ အတန်းချိန်ကို အတိအကျသတ်မှတ်ပြီး မသင်သော်လည်း ကျောင်းအလိုက်တော့ ခွဲခွဲပြီး သင်သည်။ သက်ထားကို ဆရာမက နေ့လည်မှ လာခိုင်းထားသော်လည်း အမေက စာကျက်ဝိုင်းတွင် ကြာကြာနေစေချင်သဖြင့် မနက် ၉ နာရီလောက်ကတည်းက လာပို့ထားခဲ့သည်။

ဝိုင်းတွင် လူခြောက်ယောက်လောက် ရောက်နေပြီး ၅ တန်းကလား ၆ တန်းကလားတော့ မသိ၊ လေးယောက်က ဆရာမဆီမှာ စာဆိုနေကြရသည်။ သက်ထားအလှည့် ရောက်ဖို့က ကြာဦးမည်ဖြစ်၍ အနောက်တန်းတွင် ဝင်ထိုင်လိုက်ပြီး မနေ့က ကျက်ခိုင်းလိုက်သည့် ခေါင်းစဉ် ၂ ခုကို ပြန်နွှေးနေလိုက်သည်။

ထိုအချိန်တွင် စာဆိုပြီးသည့် ကောင်မလေးတစ်ယောက်က သက်ထားဘေးမှာ လာထိုင်ပြီး သူ့ကိုယ်သူ မိတ်ဆက်၏။ သူမက ၄ တန်းကတည်းက တက်ခဲ့သည်ဟု ဆရာမကိုယ်တိုင် ပြောပြထား၍ ၄ တန်းကတည်းက တက်တဲ့တစ်ယောက်လို့သာ ခေါင်းထဲ မှတ်ထားသည်။

"ဟဲ့ နင်လည်း ၅ တန်းမလား။ ငါလည်း ၅ တန်းပဲ။ စမ်းချောင်း ၁ က။ နာမည်က သွန်းသွင်မိုးခ။ သူငယ်ချင်းတွေကတော့ သွန်းသွန်းလို့ ခေါ်ကြတယ်။ "

သူ့ကြည့်ရတာ လူတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်တဲ့ပုံပင်။ ခုနကလည်း စာဆိုပြီး ဆရာမနှင့် စကားပြောနေသည်ကို တွေ့လိုက်သည်။ လူတွေနှင့် သိပ်မပေါင်းတတ်သည့် သက်ထားကတော့ စိတ်မသက်မသာဖြင့်
"ဟုတ်တယ် ၅ တန်းပဲ၊ ဒဂုံ ၂ က"
ဟူပြီး နာမည်တောင် ထည့်မပြောမိပဲ တိုတိုတုတ်တုတ်သာ ပြန်ဖြေမိလိုက်သည်။ တစ်မျိုးထင်သွားလည်း မတတ်နိုင်။

" နာမည်က"

"သက်ထားလွင်"

"နင့်ကြည့်ရတာ လူသိပ်မခင်တတ်တဲ့ပုံပဲ။ Introvert လား"

ဘာကြီးလဲဟ English စာမကျွမ်းပါဘူးဆို ဘာတွေလာပြောနေလဲ မသိဘူး။

"တစ်မျိုးတော့ မထင်နဲ့နော်၊ အဲဒါ ဘာကိုဆိုလိုတာလဲ"

"အာ လူတွေနဲ့ ဆက်ဆံရတာ မကြိုက်တာကို ပြောတာလေ။ သီးသန့်နေရတာ ကြိုက််တဲ့လူမျိုးကို ပြောတာ။ မသိလည်း ထားပါ။ ဒါနဲ့ နင့်ကို ကျက်ခိုင်းလိုက်တာ နည်းနည်းလေး။ နင့်ကိုကြည့်ရတာတော့ စာကျက်နိုင်မဲ့ပုံပါ။ ဆရာမကို ကျက်ရမဲ့နေရာ ပိုမှတ်ခိုင်းလိုက်လေ။"

အချစ်၏ဆုံမှတ် (Intersection of love)Where stories live. Discover now