Part 5

15 1 3
                                    

"ဟယ် သွန်းသွင်မိုးခ အသက်တော့ရှည်အုံးမယ်။ အခုပဲနင့်အကြောင်းပြောနေကြတာ။ အခုတော့လူစုံ တက်စုံဖြစ်ပြီပေါ့ ဟားဟားဟား" ဆိုကာ ပိုင်ရန်အောင်က သူမဆီပြေးသွားပြီး သက်ထားတို့အနားကို ဆွဲခေါ်လာသည်။

"လူစုံရအောင် ဘယ်သူရှိလို့လည်း။ နင်ပဲမဟုတ်ဘူးလား။" သက်ထားတို့ဘက်မကြည့်ပဲ ပိုင်ရန်အောင်ကိုမေးနေသည်။

"ဟိုမှာ ကြည့်လိုက်" ဆိုပြီး သက်ထားဘက် လက်ညှိုးထိုးလိုက်သည်။

သွန်းသွင်မိုးခ သက်ထားတို့ရှိရာဘက်ကို လှည့်ကြည့်လိုက်ချိန်တွင် သူမမျက်နှာပေါ်က မှန်းရမလွယ်သော မျက်နှာထားကိုတွေ့လိုက်ရသည်။ ဝမ်းသာသလိုလို ဝမ်းနည်းသလိုလို အံ့ဩသွားသလိုလို ဖြင့် သက်ထားနှင့်ဇေယျာတို့ကို ကြောင်ကြည့်ကာ သွန်းသွင်တစ်ယောက် ပိုင်ရန်အောင်ဆွဲခေါ်ရာ ပါလာခဲ့သည်။ ထိုမျက်နှာအမူအရာ ဘာကြောင့်ဖြစ်တာလည်းဆိုတာတော့ သက်ထားကောင်းကောင်းသိပါသည်။

သက်ထားကို ဇေယျာနှင့်တွဲမမြင်ချင်သည့် သူမ၏မျက်နှာကား တစ်ခြားလူအလွယ်တစ်ကူမသိနိုင်ပေမဲ့ သက်ထားတော့သိသည်။ သက်ထားဘေးနားရောက်လာသောအခါ

"မတွေ့ရတာတောင်ကြာပြီပဲ။ နင့်တို့နှစ်ယောက်လုံးနဲ့ ကျူရှင်တစ်ခုတည်းမှာ ပြန်ဆုံရမယ်လို့မထင်ထားဘူး။ ဟိုကောင်ချီးထုပ်ပဲ ဒီမှာလာတက်မယ်ထင်ထားတာ။ ဒါနဲ့ ဇေယျာစွမ်းထက် ကဘာကိစ္စ မိန်းကလေးဘက်ထိုင်နေတာလည််််း။ နင်ကမိန်းမကြီးလား။"

"နင့်အပူပါလား။ သူ့ဟာသူထိုင်ချင်တဲ့နေရာထိုင်မှာပေါ့။" ဟုသက်ထားက ကြားဖြတ်ကာ ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။

"စိတ်ကြီးပဲ သက်ထားလွင်တို့ကတော့။ ပထမအချိန်က ငါလည်းနောက်ကျနေတော့ သူ့ဘေးမှာပဲလွတ်လို့ထိုင်တာပါဟာ။ မိန်းမကြီးတဲ့ ဖြစ်ရလေ။" ဆိုက စွမ်းထက်က ဝင်ပြောသည်။

"အခုဟိုဘက်မှာလွတ်ပြီလေ။ ပြောင်းထိုင်ပေါ့။ ငါသက်ထားနဲ့ထိုင်ချင်လို့ ပြောင်းပေးမယ်မလား။"

အချစ်၏ဆုံမှတ် (Intersection of love)Hikayelerin yaşadığı yer. Şimdi keşfedin