အချစ်ရူး​လေးရဲ့တစ်​နေ့တာ

1.4K 122 10
                                    

*တီတီတီတီ တီတီတီတီ*

မနက်၇နာရီတိတိ။

နားမခံသာ​အောင်မြည်​နေတဲ့နှိုးစက်ကိုပိတ်ပြီး ပြန်​ကွေးဖို့စဥ်းစားလိုက်တုန်းမှာပဲ ​သူ​မေ့​တော့မလိုဖြစ်သွားတဲ့အ​ကြောင်းအရာက​ခေါင်းထဲ​ရောက်လာသည်။

ဒီ​နေ့ ​ကျောင်းဖွင့်ပြီ။

အိပ်ယာ​ပေါ်က​နေကမန်းကတန်းထပြီး ​ရေချိုးခန်းကိုအမြန်​ပြေးရ​တော့သည်။ ​သေချာ​ပေါက် သူ့မျက်နှာက​တော့ ပြုံးဖြီးဖြီးဖြစ်​နေမှာ​ပေါ့။

​နွေရာသီ​ကျောင်းပိတ်ရက်အရှည်ကြီးကိုဖြတ်သန်းပြီး​တော့ ​နောက်ဆုံး​တော့​ကျောင်းပြန်ဖွင့်ခဲ့ပြီ။
​ဂျောင်းဝန်းအရမ်း​ပျော်ပြီးစိတ်လှုပ်ရှားလွန်းလို့ မ​နေ့ညက​​အိပ်လို့​တောင်မ​ပျော်ခဲ့ပါ။
သူဒီ​လောက်ထိစိတ်လှုပ်ရှား​နေရတဲ့အ​ကြောင်းအရင်းက​တော့ တစ်ခုထဲပါပဲ။

အဲ့တာက ဂျိတ်ခ်​ဟျောင်း...။

သူ့ရဲ့​နေ​ရောင်ခြည်​လေးဂျိတ်ခ်​ဟျောင်း။ ​ပျော်ရွှင်မှု​လေး။ အသည်းအသက်​လေး။ သူ့ရဲ့နှလုံးသား​လေး ဂျိတ်ခ်​ဟျောင်း။

​ကျောင်းပိတ်ရက်မှာမြင်​တွေ့ဖို့ခဲယဥ်းလှတဲ့ သူ့ရဲ့နတ်ဘုရား​လေးကို တစ်​နေ့တစ်ကြိမ်ပုံမှန်​တွေ့နိုင်တော့မည်။

ဖွီး…

ဒါက သွားတိုက်​ဆေးမဟုတ်ဘူး။ မျက်မှာသစ်​ဆေး​တွေ!
​ဂျောင်းဝန်းသွားတိုက်တံ​ပေါ် ခပ်တည်တည်ညှစ်ချပြီးတိုက်​လိုက်မိတာက မျက်နှာသစ်​ဆေး​တွေ!!

တစ်ကယ့်ကိုပရမ်းပတာပဲလို့​တွေး​နေကြမှာပဲ။ ဒါ​ပေမယ့် ​ဂျောင်းဝန်းအတွက်​တော့ ဒီအလွဲ​လောက်ကပုံမှန်ပါပဲ။ အချစ်ရူး​လေးရဲ့​အ​တွေးထဲ သူ့ရဲ့နတ်ဘုရား​လေး​ရောက်လာရင် ရင်ခုန်သံ​တွေကစလို့ အရာရာက​ယောက်ယက်ခတ်ကုန်တာ​လေ။

"​ဂျောင်းဝန်း​လေး​ရေ မနက်စာအသင့်ဖြစ်ပြီ​နော်!!"

"ခန​နေရင်ဆင်းလာခဲ့မယ်မမ"

​​ဂျောင်းဝန်း​ပြောတဲ့ခနက အနည်းဆုံး​တော့တစ်နာရီ...။ 

ဆံပင်ကိုအလယ်ခွဲရမလား ​ဘေးခွဲရမလား အုန်းမုတ်ခွက်​ကေအတိုင်းထားရမလား။ နှစ်ခုထဲရှိတဲ့စာကြည့်မျက်မှန်မှာ ဘယ်တစ်ခုကသူနဲ့ပိုလိုက်မလဲ။ ​ခေါင်းအစ​ခြေအဆုံး သူ့စိတ်ကြိုက်ဖြစ်ဖို့အတွက်အချိန်အ​တော်​လေးလိုသည်။

C R U S HWhere stories live. Discover now