အီတလီလူမျိုး ပန်းချီပန်းပု၊ဗိသုကာအနုပညာရှင် မိုက်ကယ်အိန်ဂျလိုသည် 1564ခုနှစ် ဖေဖော်ဝါရီလ၁၈ရက်နေ့တွင် သေဆုံးသည်။
ဂျောင်းဝန်းခေါင်းကိုဖြေးညှင်းစွာခါရင်း ဖတ်လက်စစာအုပ်ကိုပိတ်ချလိုက်သည်။ သူအဲ့ဒီအချက်ကိုလုံးဝဆန့်ကျင်တယ်။ မိုက်ကယ်အိန်ဂျလိုက တစ်ကယ်တော့2000ခုနှစ်အစောပိုင်းကာလတွေအထိအသက်ရှင်ခဲ့နိုင်တယ်။ 2002ခုနှစ်မှာပဲ သူ့ရဲ့လက်ရာတစ်ခုကိုအသက်သွင်းသွားခဲ့သေးတယ်လေ။ အဲ့ဒီလက်ရာက အခု ဂျောင်းဝန်းနဲ့တစ်ခုံကျော်မှာ စာထိုင်ဖတ်နေတယ်။
တစ်ကယ်ပါ...ဂျိတ်ခ်ဟျောင်းက မိုက်ကယ်အိန်ဂျလိုရဲ့စုတ်ချက်တွေအသက်ဝင်လာသလားအထင်မှားရလောက်အောင်ချောမောပြေပြစ်လွန်းတယ်။ နှာတံ..မေးရိုး..နှုတ်ခမ်းတွေ အို…
ဂျတ်ခ်ဟျောင်းက တစ်ကယ်ကိုနတ်ဘုရားတစ်ပါးပါပဲ။သူခန္ဓါဗေဒကိုလေ့လာကြည့်ပြီးပြီ။ ဂျိတ်ခ်ဟျောင်းက ရွှေအချိုးနဲ့တည်ဆောက်ထားတာပဲ။ လီယိုနာဒိုဒါဗင်ချီသာ မိုနာလီဇာအစား ရှင်းဂျယ်ယွန်းကိုပုံတူရေးခဲ့မယ်ဆိုရင် ပန်းချီကားတစ်ချပ်ကြောင့် ခုနှစ်ပြည်ထောင်စစ်ခင်းရလေခြင်းလို့ ကျော်မကောင်းကြားမကောင်းတွေဖြစ်ရချည်သေးရဲ့။
အကြောစိမ်းတွေရောယှက်နေတဲ့လက်ဖမိုးတွေနဲ့စာအုပ်ကိုထိန်းကိုင်ထားပုံကိုကြည့်လိုက်ပါအုံး။
ဂျောင်းဝန်းအတွက်တော့ ဥာဏ်ပညာနတ်ဘုရားဟာ အသီနာမဟုတ်ပါပဲ ဂျိတ်ခ်ဟျောင်းပါပဲ။စာဖတ်ချင်ယောင်ဆောင်ပြီးထိုင်ငမ်းနေတာက ဂျောင်းဝန်းတစ်ယောက်ထဲတော့မဟုတ်။ ကွိကျိကွကျိအသံတွေထွက်နေတဲ့ကောင်မလေးတစ်အုပ်ပါရှိနေသေးသည်။ သို့တိုင်အောင် ဂျိတ်ခ်ဟျောင်းကစာအုပ်ကိုစိတ်ဝင်တစား အေးအေးဆေးဆေးထိုင်ဖတ်နေနိုင်သည်။
ဂျိတ်ခ်ဟျောင်းက မျက်စိရှေ့ကိုဝိုက်ကျလာတဲ့ဆံနွယ်ရှည်တွေကို လက်နဲ့အသာအယာထိုးကာ နားရွက်နောက်ကိုသပ်တင်လိုက်သည်။
ကြည့်ပါအုံး! ကြည့်ပါအုံး!
ဂျိတ်ခ်ဟျောင်းသားဆန္ဒရှိရင် အဖရိုဒိုက်ကို အလွယ်လေးနန်းချနိုင်လောက်ပါရဲ့။