"မမ ငါသွားညှိစက်တပ်ချင်တယ်လို့"
"နော်"
"နော်လို့"
ဘေစင်ရှေ့မှာပန်းကန်တွေဆေးပြီးဗီရိုထဲကိုထည့်လိုက် ညစာအတွက်ဟင်းအိုးကိုသွားမွှေလိုက်နဲ့ချာလပတ်လည်ပြီးအလုပ်ရှုပ်နေတဲ့သူ့အစ်မနောက်ကို တစ်ကောက်ကောက်လိုက်ကာပူဆာနေသည်။
"အခုလဲချစ်ဖို့ကောင်းနေတာကို
ဘာလို့ဒီလောက်လောဘကြီးနေရတာလဲ""ဟင့် မကြိုက်ဘူး"
ဂျောင်းဝန်းက သူ့အစ်မရဲ့အပြောကို ခေါင်းကိုမော့ကာလက်တွေခါယမ်းပြီးငြင်းသည်။ သူငယ်ငယ်ကတစ်ခုခုကိုအကြိုက်မတွေ့ရင်လုပ်နေကျပုံစံအတိုင်း။ မောင်ဖြစ်သူရဲ့ချစ်စရာကောင်းလွန်းနေမှုကြောင့် အစ်မဖြစ်သူကအရည်ပျော်ကျမသွားအောင်ထိန်းထားရင်း ဆပ်ပြာမစားအောင်စွပ်ထားတဲ့ပန်းရောင်လက်အိတ်ကိုဆွဲချွတ်လိုက်သည်။ လစ်လပ်သွားတဲ့လက်တွေကတော့ ဆန်မုန့်လုံးလေးလိုနူးညံ့နေတဲ့သူ့မောင်ရဲ့ပါးပြင်ကို လက်နှစ်ဖက်နဲ့ဆွဲညှစ်လိုက်သည်။
"အားးးးး"
မီးဖိုချောင်ထဲကထွက်ပေါ်လာတဲ့ သားအငယ်ရဲ့အာခေါင်ခြစ်အော်သံကြောင့် ချည်ထိုးနေတဲ့ဂျောင်းဝန်းရဲ့အမေနဲ့ သတင်းစာဖတ်နေတဲ့အဖေတို့ ခါးတွေမတ်သွားကြသည်။
မကြာခင်မှာပဲ မီးဖိုခန်းကနေရှေ့ဆင့်နောက်ဆင့်ပြေးထွက်လာတဲ့ သူတို့ရဲ့သားနဲ့သမီးကို သွေးတက်စရာကောင်းအောင်မြင်လိုက်ရသည်။
ယန်းဂျောင်းဝန်းကကြက်မွှေးဖုန်သုတ်တံတစ်ချေင်းကိုကိုင်ကာနောက်ကလိုက်သည်။ အစ်မဖြစ်သူ ယန်းဟာနာက ရှေ့ကနေဖနောင့်နဲ့တင်ပါးတစ်သားထဲကျအောင်ပြေးသည်။"ယန်းဂျောင်းဝန်း! နင်နဲနဲလေးမှမပြောင်းလဲဘူးး!!"
"ရား ငါ လူပျိုဖြစ်နေပါပြီနော်!!"
ပြေးရင်းလိုက်ရင်းနဲ့အော်ပြောကြတဲ့အသံကတိတ်ဆိတ်နေတဲ့အိမ်လေးထဲစူးကနဲထွက်ပေါ်သွားသည်။ အိမ်ရှေ့သစ်ပင်မှငှက်တစ်ချို့က သူတို့ကြောင့်ထပျံသွားကြသည်။