အချစ်ဇာတ်လမ်း​လေးတစ်ခန်းရပ်

591 85 16
                                    

"ကိုယ့်အတွက်လား"

​ဂျောင်းဝန်းကမ်း​ပေးတဲ့စာကို ဂျိတ်​ဟျောင်းက မထူးဆန်းသလိုတစ်ချက်ပြုံးကြည့်ရင်း​မေးခွန်းထုတ်သည်။ 

​ဂျောင်းဝန်း ​ကျောင်းယူနီ​ဖောင်းရဲ့အနားစကိုမလွတ်တမ်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။ ​အ​ဝေးကပဲ​ငေး​မျှော်ဖူး​နေကျအပြုံး​တွေက သူ့​ရှေ့တည့်တည့်မှာ သူ့ကိုရည်ရွယ်ပြီးပြုံးပြ​နေတယ်​လေ။

"ဟ-ဟုတ်"

အထစ်ထစ်အ​ငေါ့​ငေါ့အ​ဖြေကိုကြားပြန်​တော့ နှုတ်ခမ်းစွန်း​တွေကတစ်ခါ​ကွေးတက်သွားပြန်သည်။
ရင်ခုန်နှုန်း​တွေကမြန်ဆန်လာသလို ​မျှော်လင့်ချက်​တွေစွန်းထင်း​နေတဲ့မျက်ဝန်းဝိုင်း​တွေကပိုလို့ပိုလို့ဝိုင်းစက်လာသည်။

ငြင်းလိုက်လို့မဖြစ်ဘူး…

နှင်းဆီပွင့်ဖတ်​ကြွေ​တွေ လုံးချေခံလိုက်ရတဲ့စာရွက်​တွေနဲ့ အိပ်ပျက်ည​တွေ…
ဒီဆုံးဖြတ်ချက်ကို ဘယ်​လောက်ထိခက်ခက်ခဲခဲချခဲ့တယ်ဆိုတာ ​ဂျောင်းဝန်းသာအသိဆုံး။ 

ဂျိတ်ခ်​ဟျောင်းကအပြုံးတို့ကိုမရပ်တန့်​သေးပဲ သူ့မျက်နှာအနားသို့တိုးကပ်လာသည်။ လက်တစ်ဖက်က ​ဂျောင်းဝန်းရဲ့အ​နောက်ဖက်ကနံရံကို​ထောက်ထားလျက် ဒူးကိုအနည်းငယ်​ကွေးကာ ရှက်ပြီးငုံ့သွားတဲ့​ဂျောင်းဝန်းရဲ့မျက်နှာကို​မော့ကြည့်သည်။ 
ပန်း​ရောင်သန်း​နေတဲ့​ ​ဂျောင်းဝန်းမျက်နှာရဲ့အပူချိန်ဟာ ဂျိတ်ခ်​ဟျောင်းဆီသို့ပါသွားရိုက်ခတ်​နေ​လောက်သည်။

"အဟက်"

"​ဆောရီးပါ ကိုယ်က​လေး​တွေနဲ့မတွဲဘူး"

​ဂျောင်းဝန်းရင်ထဲက ​မျှော်လင့်ခြင်းဖန်လုံး​လေး​တွေ တန်းစီပြီးကျကွဲသွားသည်။ တုန်ရီ​နေတဲ့နှုတ်ခမ်း​တွေကို မသိသာ​စေ​အောင်ဖိကိုက်ထားမိသည်။

ဂျိတ်ခ်​ဟျောင်းက ​ဂျောင်းဝန်းရဲ့စာကို နှုတ်ခမ်းအိအိ​တွေနဲ့တစ်ချက်ဖိကပ်နမ်းပြီး ​ဂျောင်းဝန်းရဲ့အိတ်ကပ်ထဲသို့အ​သေအချာပြန်ထည့်​ပေးလာသည်။ ​ဂျောင်းဝန်းရဲ့ဆံပင်​​တွေကိုဆွဲဖွလိုက်ပြီး စာသင်ခန်းဖက်ကိုထွက်သွားတဲ့အခါ ​ဂျောင်းဝန်းထို​နေရာမှာအရုပ်ကြိုးပြတ်လဲမကျသွား​အောင် မနဲအားတင်းထားရသည်။

C R U S HWhere stories live. Discover now