ရောင်စုံငါးလေးတွေ လေပေါ်မှပျံနေတယ်...
ဂျောင်းဝန်းရဲ့စိတ်တွေက ပေါ့ပါးနေတယ်...
နှုတ်ခမ်းတွေက အဆုံးမရှိပြုံးနေပြီး ကြည်နူးရိပ်တွေ တစ်စိမ့်စိမ့်တက်လာနေတယ်...တစ်သတ်မတ်ထဲ ငြိမ့်ငြောင်းနေတဲ့ ပျော်ရွှင်ကျေနပ်မှုတွေဟာ ဆံဖျားကနေ ခြေထောက်အထိစီးဆင်းနေပြီး ဂျောင်းဝန်းတစ်ကိုယ်လုံးကို ပေါ့ပါးလာစေတယ်...
တစ်ကိုယ်လုံး လေပေါ်မြောက်တက်လာတဲ့အထိ...နားထဲကိုတိုးဝင်လာတဲ့လေကြောင့် ယားကျိကျိဖြစ်သွားတဲ့နားရွက်ကို လက်နဲ့ပွတ်သတ်လိုက်တော့ လေပေါ်ပျံနေတာက ဟန်ချက်ပျက်သွားတယ်...
နောက်တစ်ခါ ထပ်တိုးဝင်လာတဲ့လေကြောင့် လေပေါ်ပျံနေရာကနေပြုတ်ကျပြီး ဂျောင်းဝန်းတဖြည်းဖြည်း အသိစိတ်ဝင်လာတယ်...
သူ... အိမ်မက်မက်နေတာ...။
တိမ်စိုင်လို နူးညံ့လှတဲ့ နှုတ်ခမ်းဖူးတွေဟာ သူ့ကို အိမ်မက်ထဲအထိ ပျော်ရွှင်စေခဲ့ပုံပါပဲ...။
အိပ်နေရင်း နှုတ်ခမ်းတွေအနည်းငယ် ပြုံးသွားမလား မပြောတတ်ပါ...
ကျောပြင်အောက်ဘက်ဆီမှ အိစက်နေတဲ့အထိအတွေ့ကြောင့် ပက်လက်အိပ်နေရာမှ ဘေးကိုလှည့်ပြီး ပြန်ကွေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲ...
"အရမ်း အိပ်ပုတ်ကြီးတာပဲ"
မျက်နှာနားကနေပေါ်ထွက်လာတဲ့အသံကြောင့် ဂျောင်းဝန်းမျက်လုံးတွေကို တန်းဖွင့်မိသွားသည်။
မြင်လိုက်ရတဲ့မြင်ကွင်းဟာ မယုံကြည်နိုင်စရာ...
ဂျိတ်ခ်ဟျောင်းက သူ့ရှေ့မှာ ခေါင်းကိုလက်တစ်ဖက်ထောက်ကာရှိနေပြီး သူကတော့ ဂျိတ်ဟျောင်းရဲ့ ရင်ခွင်ထဲရောက်လုနီးနီး။
အန္တရာယ်အချက်ပေးသံကြောင့် ဂျောင်းဝန်း ငေါက်ခနဲ ထထိုင်မိလိုက်သည်။
မနေ့ညက ဘာတွေများဖြစ်ခဲ့တာလဲ...
အဝါရောင်ကြက်ပေါက်ရုပ်လေးတွေပါတဲ့ ညအိပ်ဝတ်စုံက သူမနေ့ညက ပါတီကိုဝတ်သွားခဲ့တဲ့ဝတ်စုံ ဘယ်ဟုတ်ပါ့မလဲ...
![](https://img.wattpad.com/cover/282049866-288-k465548.jpg)