*တီတီတီတီ...တီတီတီတီ*
မနက် ၆ နာရီတိုင်း မြည်နေကျ Alarm သံကို ပိတ်ရန် ခေါင်းအုံးဘေးမှရှိတဲ့ ဖုန်းအား စမ်းတဝါးဝါးနှင့်လိုက်စမ်းရင်း ပိတ်လိုက်သည်။
အိပ်ချင်သေးပေမယ့် ဆက်အိပ်လို့မရ .. မေမေ့ကို အိမ်အလုပ်ကူညီရန်မှာ လောလောလတ်လတ်အလုပ်မရှိသေးတဲ့ Junkyu တာဝန်မို့ အိပ်ရာမှ တဝါးဝါးသမ်းရင်း ထလာလိုက်သည်။"Morning မေမေ"
"သားလေး နိုးပြီပေါ့"
"ဟုတ် မျက်နှာတော့မသစ်ရသေးဘူး"
"မနေ့ညက အိပ်တာနောက်ကျတယ်မလား .. သွားပြန်အိပ်လေ .. ဒီနေ့ ချက်မှာကလဲ နှစ်မျိုးပဲရယ် မနေ့ညထဲက သား အကုန်လှီးချွတ် ပြင်ဆင်ထားပြီးသားမို့ ဘာမှလုပ်စရာမရှိဘူး"
"မဟုတ်တာ ရပါတယ် ... မီးဖိုချောင်ထဲကူစရာမရှိရင် တံမြက်စည်းလှည်း ၊ ကြမ်းတိုက်လုပ်လိုက်မယ်လေ"
"တစ်ခါတလေ သွားအိပ်ပါ ... နောက်မှ လုပ်လို့ရတာပဲ .. ငါ့သားလေး နေ့တိုင်း အစောကြီးထရတာကို "
မေမေစကားကြောင့် Junkyu မေမေ့နားကို ကြောင်လေးလို ကပ်ချွဲကာ
"အဲ့လိုကြေးသာဆို မေမေလဲ နေ့တိုင်း အစောကြီးထရတာပဲကို ... သားထပ်တောင် ပို စောစောထသေးတယ် .. သားက နေ့လည်ကျမှ ပြန်အိပ်လဲ ကိစ္စမရှိဘူး မေမေရယ်..."
"ငချွဲလေးပဲ...ကဲပါ ပြန်မအိပ်ဘူးဆိုလဲ မျက်နှာသွားသစ်တော့ "
"ဟုတ်...သား ပြီးရင် ပြန်ဆင်းခဲ့မယ်နော်"
Junkyu မေမေ့ကို အာဘွားတစ်ချက်ပေးပြီး အိမ်ခန်းဆီသို့ပြန်တက်လာခဲ့သည် ။ တစ်ကယ်တမ်းဆို အိပ်ချင်တာပေါ့ မနေ့က Game အဆော့လွန်ပြီး ညနောက်ကျမှ အိပ်ဖြစ်တာ .. သို့သော် အသက် ၂၅ နှစ်ရောက်ပြီဖြစ်တဲ့ အလုပ်လက်မဲ့သားတစ်ယောက်မို့ အလုပ်မရခင်အတောအတွင်းမှာ သူ ဒီလို လုပ်ပေးရမှက်ု နေသာထိုင်သာရှိမည်...အနည်းဆုံး ဆန်ကုန်မြေလေး မဟုတ်ဘူးပေါ့...
မေမေက ကမ္ဘာပေါ်မှာ Junkyu အချစ်ရဆုံးသော မိန်းမတစ်ဦးပင်... အရင်အလုပ်ဆီကနေ လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လခ မတန်အောင် နှိပ်စက်လွန်းလို့ ကိုယ့်စိတ်နဲ့ကိုယ် အလုပ်ထွက်လာခဲ့သော်လည်း Junkyu ကို ဘာအပြစ်မှမဆိုခဲ့သူ ... Junkyu တင်မဟုတ် Junkyu တို မောင်နှမ ၃ ယောက်အတွက်ဆို အမြဲ နောက်ကနေ ပံ့ပိုးပေးသည့် မေမေပင် ဖြစ်သည်။
YOU ARE READING
What Are We?
Fanfiction"သူများတွေပြောမှာကို မကြောက်နဲ့ .. ကျွန်တော်က Hyung ကို ကာကွယ်ပေးမယ် .. Hyung က Hyung နှလုံးသားနောက်ကိုပဲလိုက်"