Ep 7 [ Unforgettable Memory ]

844 86 11
                                    

Ruto , Jihoon နောက်ကို မလိုက်ချင်ပဲ လိုက်လာရတာမို့ မျက်နှာဆူပုတ်နေလေသည်...

"ဟိုကောင် ဘာဖြစ်နေတာလဲ ရုပ်က"

"ဘာဖြစ်ဖြစ်ပေါ့ ... သူများတကာမလိုက်ချင်တာကို အတင်းဆွဲခေါ်လာတော့ ဒီလိုပဲ ဖြစ်နေမှာ‌ပဲ"

Jihoon ထိုင်နေရာမှ ထကာ သူ့ အရပ်မမှီ့တမှီနှင့် Ruto ခေါင်းကို လှမ်းခေါက်လိုက်သည်..

"အား... နာတယ်ဗျ ... ဘာလို့လာခေါက်တာတုန်း"

"မင်း ဒီနေ့ Junkyu  ကို ဘာလုပ်ခဲ့လဲ ငါသိတယ်နော်"

"ဘာလုပ်ခဲ့လို့လဲ လက်လေးပဲ ချုပ်ခဲ့တာကို... အမှန်တိုင်းပြောရရင် ဖက်တောင် နမ်းချင်တာ .. Hyung ငိုနေတာ ‌တွေ့လိုက်ရလို့ လွှတ်ပေးလိုက်တာ"

"Ruto .... မင်းမှာ ရည်းစားကြီးနဲ့လေ ... မေ့နေတာလား ... မင်း ငရံ့နှစ်ကောင် ဖမ်းချင်နေတာလား"

"Sahi နဲ့ ပြတ်သွားပြီ ... မနေ့ညက"

"ဟမ်!!"

Jihoon မျက်လုံးပြူးသွားလေသည်...

"မင်းတို့တွဲတာ တစ်ပတ်လားပဲ ရှိသေးတယ်မဟုတ်ဘူးလား"

"‌အင်းလေ .. မြန်မြန်ပြတ်သွားတော့ မကောင်းဘူးလား အများကြီးမခံစားရတော့ဘူး..."

"မင်းတို့တွေအတွက် အချစ်ဆိုတာ အတော်လွယ်တဲ့ပုံပဲ Ruto ရယ်"

"Hyung ရယ် ... ကျွန်တော်ပြောပြမယ် ... Sahi က သူ့အရင်ရည်းစားကို အခွင့်အရေးပြန်ပေးချင်တယ် ... ကျွန်တော်ကလဲ Junkyu hyung အပေါ် စိတ်ရှိနေ‌သလိုဖြစ်နေပြီမို့ အချင်းချင်း လမ်းခွဲလိုက်ကြတာ ပိုကောင်းတယ် ... သူငယ်ချင်းပြန်လုပ်ဖို့အချိန်မှီသေးတယ်"

Jihoon က Ruto ကို မျက်မှောင်ကြုံ့ကြည့်လေသည်...

"ဆိုတော့ မင်းက Junkyu ကို စိတ်ဝင်စားနေတယ်ပေါ့?"

"အဲ့လိုပဲထင်ပါတယ် ... Junkyu hyung ကျွန်တော့ကို ရှောင်နေတာ ကျွန်တော်အရမ်းနေရခက်တယ် .. ရင်ထဲ ဘာဖြစ်နေမှန်းကို မသိဘူး ... ကျွန်တော့စာတွေလဲ Hyung က ဝင်မဖတ်ဘူး ... ဒီနေ့ဆိုလဲ ကျွန်တော့ကိုသာ မပြုံးပြတာ ... အသစ်ရောက်တဲ့ So Junghwan ကို ပြုံးပြနေလိုက်တာဆိုတာ ပါးစပ်ကနားရွက်တက်ချိတ်တော့မယ်... ဘာတဲ့ ခေါ်သေးတယ် .... Junghwannie တဲ့ ... အခုမှ တွေ့တဲ့သူကိုလေ"

What Are We?Where stories live. Discover now