"Hyung ငြိမ်ငြိမ်နေနော်... မဟုတ်ရင် ကျွန်တော် တစ်ခုခု လုပ်မိလိမ့်မယ်"
"မင်းကို ဒီလို လူဆိုးတစ်ယောက်ဖြစ်နေမယ်လို့ ငါမထင်ခဲ့မိဘူး"
"Hyung ကမှ မေးတာကို ကောင်းကောင်းမဖြေပဲ ..."
"အဲ့တာေကြာင့် မင်းနဲ့ဘာဆိုင်လို့လဲလို့"
"ဆိုင်တယ် .. Hyungနဲ့ ပက်သက်သမျှ ကျွန်တော်နဲ့အကုန်ဆိုင်တယ်"
Junkyu မျက်ဝန်းတို့မှာ ဝမ်းနည်းခြင်း နှင့် ဒေါသထွက်ခြင်းေကြာင့် ကျလာတဲ့ မျက်ရည်စများနှင့်အတူ Ruto ကို စူးစိုက်ကြည့်လိုက်သည်...
"မင်း စိတ်ထဲက မပါပဲနဲ့ အဲ့လိုစကားတွေ ထပ်မပြောနဲ့ Haruto...နောက်ပြီး ငါ ရုံးမှာ အေးအေးဆေးဆေးပဲ နေချင်တယ် .. ငါ့ကို အခု လွှတ်ပေး"
Ruto , Junkyu မျက်ရည်တွေကိုမြင်ရတာ သူမခံစားနိုင်... ချုပ်ထားတဲ့ Junkyu လက်တွေကို လွှတ်ပေးလိုက်တော့ ruto ကို ချက်ချင်းတွန်းထုတ်ကာ ထွက်သွားလေသည်....
ထွက်သွားတဲ့ Junkyu ကျောပြင်လေးကို ကြည့်ရင်းနဲ့ Ruto သက်ပြင်းချလိုက်သည်....
*မင်း$ရူးပဲ Haruto ရေ .. ဘာကိစ္စဒီလိုမျိုး လုပ်လိုက်ရတာလဲ*
________________________________
"အမလေး... ပေါ်လာကြသေးတယ်ပေါ့"
Meeting Room ထဲ ရောက်တော့ Jihoon ရဲ့ မကျေနပ်သံက အရင်ပေါ်လာသည် ...
"Sorry ပါ .. ငါ toilet ဝင်နေလို့ကြာသွားတယ်.. နောက်မဖြစ်စေရပါဘူး "
Junkyu က အေးအေးဆေးဆေးပြောနေပေမယ့် ငိုထားတာမို့ အသံတွေတုန်ကာ နှာသံလေးတွေပေါက်နေလေသည်... Jihoon ဒါကို ရိပ်မိသော်လည်းမသိချင်ယောင်ဆောင်နေလိုက်ကာ
"Haruto ရော"
"မသိဘူးလေ"
"ကျွန်တော်ရောက်ပြီ..."
Meeting အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ ruto မှာလည်း အင်မတန်စိတ်ညစ်နေတဲ့ပုံပေါက်နေတာမို့ Jihoon ကြည်လင်နေတဲ့စိတ်မှာ ရှုပ်သွားတော့သည်....
YOU ARE READING
What Are We?
Fanfiction"သူများတွေပြောမှာကို မကြောက်နဲ့ .. ကျွန်တော်က Hyung ကို ကာကွယ်ပေးမယ် .. Hyung က Hyung နှလုံးသားနောက်ကိုပဲလိုက်"