"Junkyu အပြန် ငါနဲ့တူတူပြန်မလား"
Jeongwoo က Laptop ပိတ်ရင်းမှ Junkyu ကို လှမ်းမေးတော့ Junkyu ခေါင်းခါပြလိုက်သည်...
"ဒါမှမဟုတ် Hyung ကျွန်တော့ကို လိုက်ပို့ရင်ရော... ရလား?"
Junghwan က မျက်လုံးလေးဝိုင်းကာ မေးတော့ Jeongwoo ရယ်မိသည်..
"ရပါတယ် .. သွားကြတာပေါ့"
"Yayy .. ဟုတ်"
Junghwan က အပြင်ထွက်ခါနီး Ruto ဘက်လှည့်ကာ မျက်စိတစ်ဖက်မှိတ်ပြသွားတော့ Ruto အသိမှတ်ပြုပုံနှင့် မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်...
"Hyung"
Ruto လှမ်းခေါ်တော့ Junkyu မော့ကြည့်ရင်းထူးလိုက်သည်...
"အင်း Ruto ပြော"
"စိတ်ပြေလက်ပျောက် ကျွန်တော်နဲ့ ညဈေးတန်းသွားရအောင် ..."
Junkyu ငြင်းဖို့ ပါးစပ်ရွယ်နေတုန်း..
"မငြင်းပါနဲ့ hyung ရယ် .. သွားရအောင်နော်"
"ဒါဆို Sahi နဲ့ Jihoon ပါခေါ်လိုက်မယ်လေ"
အားကိုးရသော နှစ်ယောက်က ချက်ချင်းကို ငြင်းရှာသည်...
"ကျွန်တော် ဒီနေ့ Jaehyuk နဲ့ Hotpot သွားစားဖို့ ချိန်းထားလို့"
"ငါက Mashiho လေးနဲ့ Date ရမှာ"
Ruto ပြုံးလိုက်မိသည်... တစ်ကယ်ကို အားကိုးရသောသူများပင်..
"ကဲ... ကျွန်တော် မခေါ်ဘူးမပြောဘူးနော်.. Hyung လူတွေက မအားကြတာ"
Junkyu ခမျာ နောက်ဆုံးခေါင်းငြိမ့်လိုက်ရတော့သည်...
အမှန်တော့ Junkyu အိမ်ပြန်ကာ နားချင်သည် .. သို့သော်လည်း Ruto ကြည့်ရတာ သူ့ကို ပြောစရာတွေရှိနေပုံရသည် ...
*ဟူး သွားကြတာပေါ့*
____________________________________
"Hyung ဘာစားချင်လဲ"
Junkyu , ruto ပြောတာကို အာရုံမရမိ .. ညဈေးတန်းကို တစ်ခါမှ မရောက်ဖူးတဲ့ သူ့အတွက် အရာအားလုံးက အံ့ဩစရာပင် .. စိတ်ညစ်နေသည့်စိတ်ပါ ပျောက်သွားပြီး ဘေးဘီဝေ့ဝိုက်ကာ အကုန်လိုက်ကြည့်နေမိသည်...
YOU ARE READING
What Are We?
Fanfiction"သူများတွေပြောမှာကို မကြောက်နဲ့ .. ကျွန်တော်က Hyung ကို ကာကွယ်ပေးမယ် .. Hyung က Hyung နှလုံးသားနောက်ကိုပဲလိုက်"