စာရေးသူ note - (*နှင့်စသော စကားများသည် စိတ်ထဲကပြောနေခြင်းဖစ်ပြီး " နှင့်စသော စကားများသည် နှုတ်ကပြောခြင်းဖြစ်ပါသည်)
__________________________________
ဒီနေ့လဲ ခါတိုင်းလိုပဲ Jeongwoo ကားက အိမ်ရှေ့မှာ အဆင်သင့်...
Jeongwoo က ကားမှန်ချထားရင်းနှင့် Junkyu ကို လက်လှမ်းပြတော့ Junkyu ပြုံးရင်း ကားပေါ်တက်လိုက်သည်..
"Morning Junkyu"
"Morning"
"ဘယ်လိုလဲ မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အင်း အိပ်ပျော်တယ်"
"ထင်တယ် .. မင်း ခါတိုင်းလို အိပ်ချင်နေတဲ့ မျက်လုံးလေးမဟုတ်ဘူး"
Jeongwoo စကားကြောင့် နှစ်ယောက်သား ရယ်မောမိလိုက်ကြလေသည် ...
Junkyu တစ်ကယ်တော့ မနေ့ညက အိပ်မပျော်..
'သူဟာ Ruto ကို Jeongwooနဲ့တူလို့ကြိုက်တာလား... Ruto ဖြစ်နေလို့ကို သဘောကျတာလား'
'Jeongwoo ကိုရောခုထိ စိတ်ထဲရှိနေသေးလား'
စသဖြင့် သူ့စိတ်သူေသချာေအာင် ပြန်သုံးသပ်နေတာ ၂ နာရီထိုးသည့်တိုင် အတွေးတွေလွန်ကာ အိပ်မရ... အဖြေကတစ်ခုတည်းပင် ..
'Ruto ကို Ruto မို့လို့ကိုချစ်တာဖြစ်ပြီး Jeongwoo ကို သူငယ်ချင်းသံယောဇဉ်ကလွဲပြီးတခြားဘာစိတ်မှမရှိ'
သူ Jeongwoo ကို မျှော်လင့်ချက်ထပ်မပေးပဲ ပြတ်ပြတ်သားသား ပြောရမည် .. Ruto ကို အဖြေပြန်ပေးတော့မည်ဟု ... သို့သော် ပြောရမှာလဲ အားနာနေမိပြန်သည်...
Jeongwoo က ရုတ်တရက် အသံတိတ်သွားတဲ့ Junkyu ကို ကြည့်ကာ
"Junkyu..."
"ဟင်"
"ပြောစရာရှိတာလား"
"အာ ... အင်း"
"အိုခေ ... မနက်စာ စားရင်း ပြောပြလေ .. cafe ကိုလဲ ရောက်တော့မှာဆိုတော့"
"အင်း"
Junkyu ကို ကြည့်တော့ အာရုံလွှဲသလိုနဲ့ လက်မနှစ်ဖက်ကို ဆော့ကစားနေလေသည် ..
YOU ARE READING
What Are We?
Fanfiction"သူများတွေပြောမှာကို မကြောက်နဲ့ .. ကျွန်တော်က Hyung ကို ကာကွယ်ပေးမယ် .. Hyung က Hyung နှလုံးသားနောက်ကိုပဲလိုက်"