Part.[8] Unicode

1K 111 5
                                    


ကားတံခါးဖွင့်ပြီး တက်ဟန်ပြင်လျှက် နွေ့ဆီကျရောက်လာတာက သူမရဲ့မျက်စောင်းခပ်စူးစူး။ သို့သော် နွေဦးမေအတွက်ကတော့ ကျီစယ်နေသလား ဟုထင်မှတ်ရပါသည်။ ထို မျက်စောင်းလေးက နွေ့ရင်ထဲကို မုန်တိုင်းဝင်စေသည့် အကြည့်များပင်။

ခေါင်းခန်းမှာက အန်တီယု နှင့် driverထိုင်ပြီး...ကားနောက်ဆုံးတန်းမှာက အထုပ်တွေထားထားသည်။
အလယ်တန်းမှာ အေးသန္တာ နှင့် သဲပြည့်တို့က နေရာယူထားကြရာ....နေရာလွတ်မရှိတော့သည့်အဆုံး ရှေ့ဆုံးတန်းက နွေ့ဘေးတွင် မတတ္သာဘဲ ဝင်ထိုင်လိုက်ရတယ်။

တစ်ကယ်ကိုထိုင်စရာနေရာကလည်း...ထိုက‌ေလးမ‌ဘ‌ေဘးတဲ့။
နွယ်မျက်နှာကြီးက တည်လွန်းလို့ ထသတ်တော့မလို မျက်နှာထားဖြင့် နွေ့ဘေးသို့..ဆောင့်အောင့်ပြီးဝင်ထိုင်လိုက်သည်။

နွေကလည်း အိုးမလုံအုံပွင့်ဆိုသလို ကြောက်ကြောက်နဲ့ နွယ်နဲ့ ဝေးရာ ကားထောင့်ကို တိုးတိုးသွားလေရာ...

လုပ်ထားတာက...သူ။ ခု..ရှောင်နေတော့လည်းသူ။
စိတ်ရှိတိုင်းဆို...ဗိုက်ခေါက်ကိုနာနာလေး လိမ်ဆွဲပလိုက်ချင်မိတယ်။
"တို့က..မကိုက်စားပါဖူးနော်..ကားနံရံကြီးပေါက်ထွက်သွားအုံးမယ်"
နွေ့ဘက်ကို တစ်ချက်တောင်စောင်းမကြည့်ပါဘဲ ရွဲ့သဲ့သဲ့ပြောလိုက်တဲ့ စကားကြောင့် နွေလည်းအင်တင်တင်ဖြစ်သွားပြီး

နောက်တန်းက သဲပြည့်နဲ့ အေးသန္တာတို့က နွယ့်ရဲ့ စကားကြောင့် မထိန်းနိုင်ဘဲ ရီလိုက်မိလေတော့သည်။

နွေ့ရဲ့ ရှက်ရမ်းရမ်းသည့် မျက်စောင်းတစ်ချို့တို့ကြောင့် ထိုနှစ်ယောက် ရယ်နေသည်ကို လက်ဖြင့်အုပ်၍ အောင့်အီးလိုက်ရသည်။ သို့သော် ရုပ်များကတော့ စပ်ဖြီးဖြီးဖြစ်နေကြဆဲ။

လမ်းတစ်လျှောက်လုံး နွေဦးမေတစ်ယောက် စိတ်သက်သာရာလုံးဝမရ။ ချစ်ရတဲ့သူက ဘေးမှာကပ်လျှက်လာထိုင်နေသည်ကိုး။ အသက်ရှူနှုန်းတွေဟာ ပုံမှန်ဖြစ်နေမည်မဟုတ်။ ယောက်ယက်ခတ် နေမည်မှာအမှန်။

~ _ ~

အံစာတုံးအဖြူလေး တောင်ပေါ်ကို တက်လာသည်မှာ တစ်နာရီဝန်းကျင်ခန့်ရှိလေပီ။
နွေ ခေါင်းမူးစပြုလာသည်။ တောင်တစ်ကွေ့သို့ ကွေ့လိုက်တိုင်း အန်ချင်စိတ်တွေက ပိုပိုဆိုးလာသည်။ ဒီနေ့မှ ခေါင်းမူးပျောက်ဆေးက ပါမလာ....အစာမစားရသေးသဖြင့် ခေါင်းကပိုပိုမူးလာတော့သည်။
ထိန်းထားပါသော်လည်း...နောက်ဆုံးထိန်းမရသည့်အဆုံး..
ကားမှန်ကိုဆွဲဖွင့်လိုက်ပြီး အပြင်ဘက်သို့ ခေါင်းပြူ၍ ပျို့နေမိတော့သည်။
အနောက်ကနေ လက်တစ်စုံက ကျောကုန်းကို ပွတ်သပ်ပေးနေသည်ကို နွေခံစားလိုက်ရသည်။
နွေလည်း လေရှူလိုက်ရ၍ အနည်းငယ်သက်သာသွားဟန်ရှိမှ
ကားထဲသို့ပြန်ဝင်လိုက်လေသည်။

ရစ်ပတ်တတ်သော နွယ် (gl) <Complete>Where stories live. Discover now