Part.12 Uni

1K 92 10
                                    

သစ်ပင်တွေအုပ်ဆိုင်းနေသည့် ခြံကျယ်ကျယ်ရှေ့တွင် နွယ်ကားကိုရပ်လိုက်ပြီး ဟွန်းမတီးဘဲ နွေ ့ကို ကားပေါ်တွင်သာနေခဲ့စေ၍ သူမကိုယ်တိုင်ခြံပြင်ရှိလူခေါ်ဘဲလ်အား
သွားနှိပ်ပြီး မတ်တပ်ရပ်စောင့်နေသည်။

ထိုအခါ အိမ်ထဲမှ ဦးလေးကြီးတစ်ယောက်ထွက်လာ၍ ခြံတံခါးအားလာဖွင့်ပေးသည်။
ထိုလူသည် တစ်ခေါင်းလုံးဆံပင်ဖြူများဖွေးဖွေးဖြူနေပြီး အသက်မှာ 60ကျော်လောက်ပင် ရှိနေလောက်ပြီထင်ပါသည်။
နွယ့်ကို တွေ့တော့ အားရဝမ်းသာမျက်နှာဖြင့် တံခါးပွင့်ရင်းပင် နွယ့်ကိုပွစိပွစိဖြင့်စကားများပြောနေသညိကို ကားထဲမှနွေကထိုင်ကြည့်နေသည်။

ခြံထဲကို ကားသွင်းလိုက်ပြီး နွေက ကားပေါ်မှဆင်း၍ နွယ့်တံခါးဆီကို သွားဖွင့်၍ နွယ့်လက်လေးကိုကိုင်လျှက် ဆင်းစေသည်။

"တူမကြီးရယ်....ဦးလေးတို့လွမ်းနေတာ...မတွေ့ရတာ နှစ်တွေကြာရောပေါ့"

"ဟုတ်ပါ့ဦးလေးရယ်...." သူမ မျက်နှာလေးကရွှင်ပျလျှက်ပင်
ခေါင်းလေးတစ်ညိမ့်ညိ်မ့်ဖြင့် ထိုဦးလေးကြီးပြောသမျှကိုနားထောင်းရင်း အိမ်ထဲသို့ဝင်လာခဲ့သည်။

"မအေးနုရေ....ဗျို့ မအေးနု" ဦးလေးကြီးက အိမ်အနောက်ဘက်သို့ မေးငေါ့လျှက် တစ်စုံတစ်ဦးကို လှမ်းခေါ်နေဟန်။

"လာပါပြီ...တော်ရေ" မီးဖိုချောင်အတွင်းမှ အရပ္ပုပု ခပ်ဝဝအမျိုးသမီးတစ်ယောက်ထွက်လာပြီး နွယ့်ကိုတွေ့တော့ သူမမျက်နှာတွင်လည်း အပြုံးပန်းဝေသွားပြန်သည်။

"တူမကြီးနွယ်...ကြီးတော် ဖြင့်သိပ်လွမ်းနေတာကွယ်" သူမ မျက်ဝန်းတွင်ဝမ်းသာမျက်ရည်လေးများ အနည်းငယ်ဝဲတက်လာသဖြင့် လက်ခုံဖြင့်မျက်စိကိုပွတ်လိုက်ရင်း

"အနိတီ...တူမကြီးကြိုက်တဲ့ ပုစွန်ထုပ်ဟင်းချက်ထားတယ်။တူမကြီးတို့ ထိုင်လေ...အန္တီ ကော်ဖီယူခဲ့မယ်" ရှောင်ထွက်သွားရင်း နွယ်ကတော့ အကျီလဲရန်အပေါ်ထပ်သို့ ခဏတက်သွားသည်။ ဦးလေးကြီးကတော့ ခြံထဲတွင် အလုပ်လုပ်နေသည်။

နွေကလည်း..ဧည့်ခန်းရှိ စတီခုံတွင် ထိုင်လိုက်ပြီး အိမ်ထဲကို ဝေ့ဝဲကြည့်နေမိသည်။ အိမ်လေးက နွေ့အိမ်လောက်တော့မကြီးပေမယ့် အိမ်ဆိုသည့်အဓိပ္ပါယ်နှင့်ပို၍အပ်စပ်သည့် အိမ်လေးပင်။သွေးသားအရင်းအချာများမဟုတ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများထားကာ နွေးနွေးထွေးထွေးရှိသည်။
နွေ ့ရဲ့အာရုံတို့သည် ဧည့်ခန်းအလယ်နံရံပေါ်တွင် ချိတ်ထားသည့်ဓာတ်ပုံပေါ်သို့ရှောက်ရှိသွားသည်။

ရစ်ပတ်တတ်သော နွယ် (gl) <Complete>Where stories live. Discover now