Part. 11 Uni

1K 88 5
                                    

ဒီနေ့မနက် နွေစိတ်လန်းလန်းဆန်းဆန်းလေးဖြစ်နေသဖြင့်
ကော်ဖီပူပူလေးသောက်ရင်း အခန်းပြင်ကဝရံတာလေးမှာ ထိုင်ပြီး စာအုပ်လေးထိုင်ဖတ်နေလိုက်သည်။

စာရွက်ကို တစ်ရွက်ပြီးတစ်ရွက်လှန်ဖတ်လျှက် လက်တစ်ဖက်ကကော်ဖီခွက်လေးကို လှုပ်ယမ်းလိုက်သေးသည်။
ဝရံတာကနေ လှမ်းကြည့်လိုက်တော့ အန်တီညိုက ခြံထဲက သစ်ပင်ပန်းမန်လေးတွေကို ရေပိုက်နဲ့ ရေလိုက်လောင်းနေတော့ တစ်စုံတစ်ဦးကိုတောင် ခေါင်းထဲထင်းခနဲတွေးမိပြီး မျက်နှာတို့က ပြုံးယောင်လေးသန်းလာသည်။
တစ်ဆက်ထဲ တစ်ဖက်က ဝမ်းနည်ပူဆွေးရသေးသည်။

ထိုချိန် ခြံရှေ့မှ ကားဟွန်းတီးသံ ထွက်လာသဖြင့် နွေဝရံတာကနေ တစ်ချက်စောင်းကြည့်လိုက်တော့ လင်းနိုင်၏ ကား။
နွေရင်တွေ တစ်လှပ်လှပ်ဖြစ်သွားသည်။ ပြန်ရောက်လာတာလား။ ရုတ်တရက် ကြီးရောက်ချလာသည်မို့ အံသြသွားရသည်။
နွေ ချက်ချင်းဘဲ အကြည့်တို့ကို စာအုပ်တွင်သာပြန်ကပ်လျှက်
မသိချင်ယောင်ဆောင်နေတော့သည်။

"နွေ.....နွေရေ"

ဝမ်းသာအားရအသံနှင့်အတူ ဝရံတာအထိလိုက်လာသော လင်းနိုင်။

နွေက နီညိုရောင်ဆံနွယ်လေးတွေကို စုစည်းပြီး လိပ်ပြာပုံစံဖန်ကလစ်လေးဖြစ် အပေါ်သို့ညှပ်တင်ထားသည်။
ညအိပ်ဂါဝန်လေးဝတ်ထားတာမို့ လည်တိုင်လေးဟာ အထင်းသား။
ခြေထောက်ချိတ်ပြီး ထိုင်နေပုံဟာလည်း ခြေသလုံးဖြူဖြူတို့ကို ပေါ်နေစေသည်။
လေတစ်ဝှေ့တိုက်လိုက်တိုင်း ကျနေတဲ့ဆံစအနည်းငယ်တို့က ပါးပြင်နားမှာ ရစ်ဝဲနေပြန်သည်။

ဒီလောက်လှရက်သော နွေ ့ကိုမှမချစ်လျှင် လင်းနိုင်ကို လူမိုက်လို့ပင် ယူဆနိုင်မည်မဟုလား။

"အော်...ကိုလင်းနိုင် ပြန်ရောက်ပြီလား"

လင်းနိုင်အား မျက်စဖြင့်သာ လှန်ကြည့်၍ တစ်စက်မှ တုတ်တုတ်မလှုပ် သွေးအေးရက်စက်သောအကြည့်ဖြင့်သာ နွေစိုက်ကြည့်လိုက်သည်။

"အွန်း...ဟုတ်တယ်..အလုပ်ကထင်ထားတာထက် စောပြီးလို့ ပြန်ရောက်ရောက်ချင်း အန်တီဆီဝင်ပြီး နွေ့ဆီလာတာ"

ရစ်ပတ်တတ်သော နွယ် (gl) <Complete>Where stories live. Discover now