Luhan ဒီနေ့ တိုင်းတပါးကနေ ပြန်လာရမှာဖြစ်လို့ ရင်တွေခုန်နေမိတယ် ။ အင်း ... တစ်စုံတစ်ယောက်ကြောင့်မို့ထင်ပါတယ် ။ သူမကို အရမ်းလွမ်းနေခဲ့မိတာ ။ ပညာရေးကြောင့် သူမနဲ့ တစ်ခနတာလမ်းခွဲခဲ့ရပေမဲ့ ခုကစပြီး သူအပြီး ပြန်လာခဲ့ပြီဆိုတော့ နောက်ဘယ်တော့မှမခွဲတော့ဘူး ။
သူတို့တွေ့တာ သိပ်တော့မကြာသေးဘူး ။ Luhan မနှစ်ကကျောင်းပိတ်တော့ လဝက်လောက် ပြန်လာဖြစ်ခဲ့သေးတယ် ။ အဲ့ဒီမှာ သူမနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရတာ ။ သူမ မနက် စောစောအလုပ်သွားချိန်နဲ့ သူ သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ထွက်လာချိန်ကွက်တိပေါ့ ။ ဆံပင်ရှည်တွေနဲ့သူမက နူးနူးညံ့ညံ့လေးနဲ့ အပြုံးတွေကလဲ မနက်ခင်းထွက်တဲ့နေရောင်ခြည်လိုပဲ နွေးထွေးပြီး Luhan ကိုမြင်မြင်ချင်း နှစ်သက်စေခဲ့တယ် ။ အဲ့ချိန်ကစလို့ Luhan က သူမကိုသဘောကျခဲ့မိပါတယ် ။ Luhan ကနေဒါကို ပြန်မသွားခင်မှာပဲ သူမဆီကလိုချင်တဲ့အဖြေရခဲ့ပါ တယ် ။ သိပ်ပျော်ခဲ့ရတဲ့ နေ့ရက်လေးပေါ့ ။
Luhan တစ်ယောက် လေယာဉ်ပေါ်ကဆင်းကာ မွေးရပ်မြေပေါ် ခြေချချချင်းပဲ ရင်ထဲနွေးရတယ် ။ ဘာပဲပြောပြော သူများနိုင်ငံထက်စာရင် ကိုယ်မွေးရာအရပ်ကပဲ စိတ်ကိုအလုံးစုံလုံခြုံစေတာမဟုတ်လား ။
လေကိုတစ်ဝကြီး ရှူရှိုက်ရင်း ကျောပိုးအိတ်ကို လွယ်ကာ လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်လို့ စတိုင်ကျကျနဲ့ အင်ချွန်းလေဆိပ်ထဲကနေထွက်လာခဲ့သည် ။အပေါက်ဝမှာအသင့်စောင့်နေတဲ့ ပါပါးရဲ့လူကိုတွေ့တော့ ဦးညွှတ်ကာ နှုတ်ဆက်ဖြစ်သည် ။
" အကိုလေးက ပိုကြည့်ကောင်းလာတာပဲ "
" ကျေးဇူးတင်ပါတယ်ဗျာ "
သူပြုံးပြုံးလေးနဲ့ပဲ တုန့်ပြန်လိုက်ပါသည် ။
မတွေ့တာကြာပေမဲ့လို့ ထူးထူးခြားခြားပြောင်းလဲမှုသိပ်မရှိတဲ့ အမိမြေကလဲ Luhan စိတ်တွေကိုလန်းဆန်းစေပါတယ် ။ တစ်စုံတစ်ယောက်ရဲ့ အပြုံးတွေလိုပေါ့ ။ သူမအကြောင်း တွေးမိတဲ့အခါ သူပါပြုံးလိုက်မိပြီး သူမရော ဘာတွေပြောင်းလဲသွားမလဲလို့ သိချင်စိတ်တွေလဲတစ်ရိပ်ရိပ်တိုးလာခဲ့ပါတယ် ။