Part - 2

12.5K 993 7
                                    

Luhan စဉ်းစားခန်းဖွင့်နေရင်းနဲ့ပဲ ပါပါးရဲ့ နောက်ဆုံးစကားးကိုပြန်ကြားယောင်မိတယ် ။

* မနက်ဖြန် ကောင်လေးနဲ့ သွားတွေ့လိုက်ပါတဲ့ * လေ ။ 

ပါပါးကလည်း သူ့သားကိုပဟေဌိလာလုပ်နေသေးတာဗျာ ။ နာမည်လေးတောင် ပေးမသိဘူး ။ တွေ့ကြည့်ပြီးမှ ကိုယ်တိုင်မေးတဲ့ ။

ဘာပဲဖြစ်ဖြစ်ပါ သူဟိုကောင်လေးနဲ့ တွေ့ရမှာက ညနေမှဆိုတော့ အေးဆေးပေါ့ မနက်တည်းက မင်ရာနဲ့ဒိတ်လုပ်ပြီးမှ ဟိုကောင်လေးဆီသွားပြီး လက်ထပ်ဖို့ငြင်းရမယ်ဆိုလည်း နောက်မကျလောက်ပါဘူး ။

ထွန်းလင်းနေတဲ့ နေရောင်ကမျက်နှာပေါ်ကျလာမှပင် Luhan နိုးလာခဲ့တယ် ။ အပြင်မှာ ရာသီဥတုက ဒီနေ့မှပင် ပိုသာယာနေသလိုပါပဲ စိတ်ထဲနေလို့ ကောင်းနေတယ်။

Luhan ထထချင်း သတိရမိတာက ညနေ ဟိုကာင်လေး နဲ့ သွားတွေ့ဖို့ပင် ။

" အာ အိပ်ရာနိုးတာနဲ့ ဟိုကောင်လေးအကြောင်းက ခေါင်းထဲရောက်လာပြီ ရှုပ်ရှုပ်ရှက်ရှက် "

Luhan ညည်းညူလိုက်ပြီး သူ အိပ်ရာကထကာ ရေချိုးပြင်ဆင်ဖို့လုပ်ရတော့သည် ။ သူပြင်ဆင်ပြီးကာ အောက်ထပ်ဆင်းလာတော့ ပါပါးနဲ့ တန်းတိုးသည် ။

" သား ဒီနေ့ညနေနော် "

" သားသိပါတယ် "

ပါပါးရေ စိတ်ချ ... သွားကိုသွားမှာ... ပြီး တစ်ခါတည်းငြင်းပစ်ခဲ့မှာ ဟမ့် ။

Luhan အိမ်ထဲကထွက်လာတော့ အိမ်နားမှာရပ်ထားတဲ့ကားတစ်စီးကိုတွေ့ရတယ် ။ မနေ့ကားပဲ ၊ ထပ်ပြီး သူ့နောက်လိုက်လာ ပြန်တာလား ။ သူခုမှပြန်ရောက်တာပါ ၊ ဘယ်သူနဲ့မှလဲရန်းငြိုးရန်စတွေမရှိလောက်ပါဘူး ။ ဘာလို့များလဲ ။

သူ့အတွေးမဆုံးသေး ၊ ကားကလေးက နောက်လှည့်ဆုတ်လို့ ထွက်ခွာသွားခဲ့တယ် ။ သူ့မှာအင်တင်တင်နဲ့ ။ ဟမ်း ငါ့ဆီလာတာမဟုတ်ပါဘူးဟ ။ ရန်သူတွေဘာတွေအထိ အတွေးလွန်နေတာပဲ ဟား ။

Luhan ဒီနေ့တော့ မင်ရာရှိနေအဲ့ ကော်ဖီဆိုင်တော့ သွားစရာမလိုတော့ဘူးထင်သည် ။ သူမနေ့က ခွင့်ယူဖို့ ပြောခဲ့တာကိုး ။ သူမအိမ်ကိုပဲသွားဖို့ ဆုံးဖြတ်ရတယ် ။ ခြံတံခါးဘဲလ်ကိုနှိပ်ရုံရှိသေး တံခါးတန်းဖွင့်လာတာမို့ သူပြုံးရင်း ရှေ့ကကောင်မလေးကို ကြည့်မိတယ် ။

Stole My Heart ( Completed ) Where stories live. Discover now