Sehunnie bd special One Shot

7K 453 45
                                    

For You

One Shot  ( Hunhan )

"  ဆရာ မနေ့ က order တေ ဝင်တာ အတော်များတယ် ဒီနေ့ အလုပ်ပိုရှုပ်တော့မယ် ထင်တယ် "

"  အေးပါကွာ အလုပ်ကတော့ အမြဲရှုပ်နေတာပဲ ! "

ဒါကတော့ ကျွန်တော် နေ့ တိုင်း ဖြတ်သန်းနေရတဲ့ ဘဝပါပဲ … ကျွန်တော်နာမည်က Luhan ပါ … ကျွန်တော် papa ချန်ပေးခဲ့တဲ့ မိုးကာအင်္ကျီဆိုင်လေးကို ဆက်ပီး တာဝန်ယူပေးနေတာပါ …  သူငယ်ချင်းတွေ ပြောတာတော့ မင်းကဘောစိတဲ့ …… ဆိုင်တစ်ဆိုင်လုံး ပိုင်တယ် ဆိုတော့ပေါ့နော် … ဒါမဲ့ ကျွန်တော် အဲ့လောက်ထိ မချမ်းသာပါဘူး ……

အင်းး ခုချိန်ထိတော့ ကျွန်တော် ဘဝကို တစ်ယောက်တည်းပဲ အေးဆေး ဖြတ်သန်းနေတုန်းပါပဲ … ဒါကလည်း သူဆိုတဲ့ လူနဲ့ မတွေ့ခင် အချိန်တုန်းကပေါ့ ဗျာ ……

ကျွန်တော် ထမင်းစားပီးတိုင်း သောက်နေကျ ကော်ဖီဆိုင်လေး တစ်ခုရှိတယ် … အဲ့ဆိုင်က အရမ်းအေးချမ်းပီး ပင်ပန်းတာတွေ ကို ခနတာ မေ့ပျောက်စေနိုင်ပါတယ် … မယုံမရှိနဲ့ တကယ်ပြောတာ … အဲ့ဆိုင်လေးက ကျွန်တော် အရမ်းသဘောကျတဲ့ နေရာလေး တစ်ခုပေါ့ … ပြောရရင် အဲ့ဆိုင်လေးက ကျွန်တော် အချစ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာလေးလို့ လည်း သတ်မှတ်လို့ ရမယ် ထင်ပါတယ် ……

ဒီနေ့  order တွေ အရမ်းများလို့  အလုပ်တွေ ရှုပ်နေပေမဲ့ အဲ့ဆိုင်လေးကို သွားဦးမှပါ … ပင်ပန်းနေတာတွေ ခနလေးပဲ ဖြစ်ဖြစ် လျော့သွားနိုင်တယ်မလား … အနားယူဖို့ အတွက်လည်း လုပ်ရဦးမယ်လေ …

ထုံးစံအတိုင်း အဲ့ဆိုင်လေးကို ကျွန်တော်ခု ရောက်နေပီ … ဒါမဲ့ တစ်ခုထူးခြားနေတာက ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်ကို မြင်တွေ့ရခြင်းပါပဲ ……

hak !! ဒါက ထူးဆန်းနေတာမှ မဟုတ်တာ !! ဆိုင်မှာ မမြင်ဖူးတဲ့ လူကို မြင်ရတာနဲ့ လူသစ်မှန်း တန်းသိနိုင်တာပဲကို …… ထူးဆန်းနေတာက ကျွန်တော်ပါ …

လူတစ်ယောက်ကို ဒီလောက်ထိ မျက်တောင်မခတ်တမ်း ကြည့်နေမိတဲ့ ကျွန်တော်က ထူးဆန်းနေတာပါ … လူတစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှု တွေကို လိုက်မှတ်နေမိတဲ့ ကျွန်တော်က ထူးဆန်းနေတာပါ … စစတွေ့မိတဲ့ လူတစ်ယောက်ကို ရင်ခုန်မိတဲ့ ကျွန်တော့ နှလုံးသားက ထူးဆန်းနေတာပါ ……

Stole My Heart ( Completed ) Où les histoires vivent. Découvrez maintenant