Epi - 4 Date

11.5K 980 10
                                    

Stole My Heart

Epi - 4

နေရောင်ခြည်ဖြာထွက်ကာ မျက်နှာကိုလာစူး နေသောကြောင့် Luhan အိပ်ရာမှနိုးလာခဲ့သည်။  ဘေးကနာရီကြည့်လိုက်တော့ သူမျက်လုံးပြူးရပြီ။  9 နာရီတဲ့ ။

" ဟာ နောက်ကျနေပြီ၊ ဟိုကောင်လေး ကျောင်းသွားလိုက်ပြီလားမသိဘူး၊ ငါဘာမှလည်း လုပ်မပေးလိုက်ရဘူး Aish !!! "

ပြီးတော့ Luhan တစ်ခုကိုလည်း သတိထားမိ လိုက်တယ်။ ဤသည်မှာ ပြတင်းပေါက်ကို သူမနေ့ က သေချာပေါက်တံခါးပိတ်ပြီး အိပ်ခဲ့တာပါ။ ဒါကိုဘယ်လိုများပွင့်နေရပါသလဲ? ဒါဆို ဟို ကောင်လေး ဝင်ပိတ်သွားတာလား။

Ahhh !! ဒါဆို ငါအိပ်နေတဲ့ ပုံကြီး မြင်သွားပြီပေါ့။  တော်ပါသေးတယ်။ ငါ့ပုံက ဗယုတ်သုတ်ခပုံမပေါက် လို့။

Luhan အိပ်ရာပေါ်ကထတော့ စားပွဲခုံပေါ်က ဖန်ခွက်လေးအောက်မှာ တစ်ခုခုရှိနေတာကို သတိ ထားမိလိုက်သည်။ ဘာလေးပါလိမ့် ?? ကြည့် လိုက်တော့ အဝါရောင်စာရွက်ခေါက်လေးတစ်ရွက်။  Luhan ယူကာဖတ်ကြည့်လိုက်တယ်။

^ Hyung မောနင်းပါဗျ .... ဒီနေ့အတွက်လဲချစ်ပါတယ်  ^

Luhan စာရွက်လေးကို ဖတ်ကာရယ်မိလိုက်သလိုပင်။ ဒီ Oh Sehun ဆိုတဲ့ ကောင်လေးနဲ့တွေ့တိုင်း သူသတိထားမိသလောက်က အမြဲပဲပြုံးနေရတာပင်။ Luhan ကုတင်ပေါ်က အမြန်ထကာ ရေချိုးခန်းထဲ ဝင်လိုက်တော့သည် ။

ရေချိုးပြီး အောက်ဆင်းလာသည့်အခါမှာ Oh Sehun ရှိမနေတော့ ။ အင်းလေ ဒီချိန်ဆို သူ ကျောင်းသွားပြီပေါ့။ သူက ရှိနေမလားဆိုပြီး တွေးကြည့်ရုံလေး တွေးမိတာပါ။

Luhan မနက်စာစားဖို့အတွက် မီးဖိုခန်းထဲဝင်လာမိတာနဲ့ အံ့သြသွားရသည်။  စားပွဲပေါ်မှာ သူ့အတွက်ထင်ပါတယ် မနက်စာလေးကအသင့်။ ပြီးတော့ ဘေးက ဖန်ခွက်ရဲ့အောက်မှာ ခုနလိုစာရွက်အဝါလေးလည်းရှိနေသေးတယ်။

^ Hyung ဗိုက်ဆာနေပြီဟုတ် ? ကျွန်တော် မတတ် တစ်ခေါက်လေးနဲ့ hyung စားဖို့လုပ်ထားတယ်၊  စားလိုက်နော် ... အာ ပြီးတော့လေ ဒီနေ့ hyung လည်း ကျောင်းပြန်အပ်မှာမလား မမေ့နဲ့ဦးနော် .. ချစ်တယ်ဗျ ဟီး ^

Stole My Heart ( Completed ) Where stories live. Discover now