Epi - 22 Let me love u more

7.4K 542 17
                                    

Stole My Heart

Epi - 22

" Umm ! Hmm !  Babe ! Hyung ကို ထားမသွားပါနဲ့ ! Hyung ရှင်းပြမယ် ! ရှင်းပြခွင့် လေးပေးပါ ကလေးရယ် "

Hyung ရဲ့ ဗလုံးဗထွေး နဲ့ အော်နေသံတွေ ကြားတော့ ကျွန်တော် လန့် နိုးသွားတယ်

" Hyung ! Hyung ရရဲ့လား ! hyung ကျွန်တော် ဒီမှာ ရှိတယ်နော် ဘာမှ မဖြစ်ဘူး "

ကျွန်တော့ အသံကြားမှ မျက်လုံးကို အလန့်တကြား ဖွင့်လိုက်ပီး ကျွန်တော့ ရင်ခွင်ထဲကို ပိုတိုးဝင်လိုက်တဲ့ ကျွန်တော် ချစ်သူ ။ ကျွန်တော့မျက်လုံးကို လှမ်းကြည့်လိုက်တဲ့ တခန သူ့ မျက်ဝန်းထဲက မျက်ရည်တေကို တွေ့လိုက်ရတယ် ... တကယ်ပါ ကျွန်တော်လေ စိတ်မကောင်းဘူး ...

Hyung ဘယ်လောက်ထိများ ထိတ်လန့် ခဲ့ရလို့ အိပ်မက်ထဲထိတောင် ထည့်မက်ရတာလဲ ? Ohh ကျွန်တော့ ချစ်သူ အများကြီး ပင်ပန်းသွားပီ ။ ဒါကြောင့် ခုဒီကလေးရဲ့ ရင်ခွင်မှာ မှီခိုပီး မကောင်းတဲ့ အရာ အားလုံးကို မေ့ပစ်လိုက်ပါတော့ .........

" Hyung "

" Hmm ? "

" ခရီး ထွက်ရအောင် "

" jinja !! "

ခရီးထွက်ရအောင် ဆိုတော့ ဝင်းလက်သွားတဲ့ သူမျက်လုံးလေး ။

" အင်း "

" ဖြစ်ပါ့ မလား baby ! ကျောင်းကလည်း ရှိသေးတာကို "

" ဖြစ်ပါတယ် hyung ရဲ့ ! ဘာ မဖြစ်စရာ ရှိလဲ ? Kai တို့ ရှိတာပဲ နောက်နေ့ စာပြန်ကူးလို့  ရတယ်  "

" အင်း ဒါဆို သွားမယ် လေ "

" ထ ထ ! ဒါဆို ရေမြန်မြန် သွားချိုးတော့ "

" ဟုတ်ပြီ "

" Aigoo သိပ် လိမ္မာနေတယ် ကိုယ့်သမင်လေးက "

Luhan တဘက်ယူကာ ရေချိုးခန်းထဲ ဝင်ခါနီးမှ ပြန်လှည့်လာကာ Sehun နှုတ်ခမ်း ကို ထိရုံမျှ နမ်းပီး

" အရမ်း ချစ်တယ် "

ထိုစကား ပြောပီး ရေချိုးခန်းထဲ အပြေးဝင်သွားတဲ့ ကျွန်တော့ ချစ်သူ သမင်လေးဟာဖြင့် ဘယ်လိုဖြူစင်တဲ့ ကလေး ဖြစ်လိုက်ပါသလဲ ? ကျွန်တော် ချစ်လွန်းလို့ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး ......

Stole My Heart ( Completed ) Where stories live. Discover now