Part-3

1.5K 135 4
                                    

'' မင်း...မင်း...မင်းက..ဘယ်သူလဲ''

သူ သူ့နဲ့ တစ်ပုံစံတည်း တူနေသောသူအား အံ့သြမှင်သပ်စွာ ကြောင်ရမ်းနေသောကြောင့် တစ်ခုံကျော်က လူက

''မင်းကလေးကို ဒီအထိခေါ်လာပြီး ဘာတစ်ခုမှ ပြောမပြထားတာတော့ ကလေးအတွက်မတရားဖြစ်မနေဘူးလား...ကလေးက ဒီမှာ...အခြေချနေထိုင်ရမဲ့ အိမ်က လူတွေကိုတောင်ဘယ်သူ ဘယ်ဝါမှန်းမသိဘူးဆိုတာကတော့...မဖြစ်သင့်ဘူးမလား''

အမေ့မျက်လုံးများအားတစ်လှည့်၊ သူ့မျက်လုံးများအား တစ်လှည့် ရီလဲ့လဲ့ကြည့်ကာ ဆိုလာသော သူ့ရဲ့အဖိုးဆိုသူ ဂျွန်လီဆောင်းကို သူကြည့်ပြီး ပို၍ပင် ရူးချင်လာသည်။ သူ့စကားများအားလုံးအဆုံးသူအမေ့ကို တစ်ချက်ကြည့်လိုက်သည်။ အခုချိန်ထိခေါင်းစိုက်ထားတုန်း။ ဟ့ အမေရယ် တကယ်ပဲ နေတတ်လိုက်တာ။ သားကို နည်းနည်းလေးတောင် ရှင်းပြဖို့ မစဥ်းစားမိဘူးလား။

သူကအမေ့ကိုစိုက်ကြည့်​​​​​ကာ အမေ့ဆီက အဖြေကိုစောင့်နေသော်လည်း အမေက စကားပြောဖို့ တွန့်ဆုတ်နေတာကိုကြည့်ပြီး သူ့ရဲ့အဖေဆိုသူ Davidက

'' မင်းသားကို ခြံထဲခဏခေါ်သွားလိုက်။ မင်းတို့သားအမိကိုယ့်ကိစ္စကိုယ်အရင်ရှင်းကြ။ သားကြီးကို ဒီလိုနားလည်ရခက်နေတဲ့ ပုံစံမျိုးနဲ့ စကားဆက်ပြောလို့အဆင်မပြေဘူး''

သူ့စကားဆုံးဆုံးချင်း တစ်ချိန်လုံး ခေါင်းစိုက်ပြီး ရေငုံနှုတ်ပိတ်နေသူက ''ခဏလောက် ခွင့်ပြုပါဦး''လို့ တစ်ခွန်းပြောကာ ခြံထဲသို့ ခပ်သွက်သွက်ထွက်သွားသည်။ အင်းလေ မင်းအမှားလုပ်ခဲ့တာ လွန်ခဲ့တဲ့19နှစ်ကလိုပဲ အခုထိကို အမှားကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတုန်းပဲကို မင်းမလဲကွာ ဒီ19နှစ်လုံးလုံး တော်တော်ကိုသည်းခံလာခဲ့ရမှာပဲ။ မင်းကိုတော့ တကယ်လက်လန်တယ်။ ငါ့သားကြီးကို မင်းနဲ့အတူပေးရှင်သန်ရတာ သနားပေမဲ့ မတတ်နိုင်ဘူးလေ။ သူရွေးချယ်ခဲ့တဲ့ လမ်းပဲ သူဆက်လျှောက်ရမှာပေါ့။ ကျန်ခဲ့တဲ့သူကတော့ သူတို့သားအဖ သုံးယောက်ရဲ့ အကြည့်တွေကို မခံနိုင်တော့လို့ ထင်ပါရဲ့။ ပြေလျော့နေသည့်လက်တွေကို တင်းကျပ်အောင်ဆုတ်ကိုင်ပြီး အသက်ကိုပြင်းပြင်းရှုကာ တည်ငြိမ်သော အသံလေးနဲ့ '' ကျွန်တော့ကိုလည်း ခွင့်ပြုပါဦး'' ဆိုလာကာ သူ့အမေနောက်လိုက်ဖို့ ထသွားတော့ အခန်းထောင့်က ဘေးတိုင်ကို မှီထားသည့် ထွားကျိုင်းကျိုင်း ခန္ဓာကိုယ်ကြီးနဲ့ ထိပ်တိုက်ဆုံသွားသည်။

𝖀𝖓𝖋𝖔𝖗𝖌𝖊𝖙𝖙𝖆𝖇𝖑𝖊 Where stories live. Discover now