Part-7

1.4K 111 10
                                    

Junggukလည်း သူ့အားကားပေါ်သို့ အတင်းခေါ်တင်လာသောသူကို ဒေါသထွက်ပေမဲ့ သူပြောသလိုအခုချိန်မှာ ကိုယ်က သူ့ပိုင်နက်ထဲကလူလေ၊ သူ့ကိုလည်းပြန်ပြီးစကားနိုင်မလုရဲဘူး။ သူက ကိုယ့်ညီ ကိုယ့်ထပ်ငယ်တယ်ဆိုတာပေမဲ့လည်း သူတို့သားအမိကို ဒေါသမျက်လုံးတွေနဲ့ ရောက်ကတည်းက ကြည့်နေတဲ့ Jungkookရဲ့ ပုံစံကိုသုံးသပ်လိုက်မယ်ဆိုရင် သူအမေ့ကိုဒေါသအရမ်းထွက်ပြီး အခုချိန်ထိကိုခွင့်မလွှတ်နိုင်သေးတာ သူသိပါတယ်။ အမေ့အပြစ်ကလည်းအရမ်းလွန်တာကို သူလက်ခံပါသည်။ ဒါပေမဲ့ သူနားမလည်တာတစ်ခုက ခုနကသူပြောတဲ့ ကျုပ်လက်ကနေပြေးမလွတ်ဘူးဆိုတဲ့ စကားကတော့ ဘာကိုပြောချင်လဲတော့ သူသေချာနားမလည်။ သူ့ညီကိုသူ ဒီနေ့မှစတွေ့ရပေမဲ့ ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ခေါင်းစဥ်တွေတန်းစီနေခဲ့သည်။ အဲ့ဒီခေါင်းစဥ်တွေရဲ့ အဖြေကိုသေချာနားလည်သဘောပေါက်လားဆိုတော့လည်း သူသေချာမသိ။

သူအတွေးတွေခေါင်နေတုန်း ရုတ်တရက်စက်ရပ်သွားသော ကားကြောင့် သူလည်းမောင်းနှင်သူနေရာက သူအားကွက်ခနဲကြည့်လိုက်သောအခါ သူ့ကိုဆင်းဆိုပြီး မျက်ခုံးပင့်ပြသည်။ သူလည်းပတ်ဝန်းကျင်ကိုသေချာအကဲခတ်လိုက်တော့ အခုသူတို့ရောက်နေတာက China Restaurantတစ်ခု။ သူဒီဆိုင်ကို ရုပ်ရှင်တွေထဲမှာခဏခဏတွေ့ဖူးနေ၍ သူ့အတွက်တော့ဒီဆိုင်ဟာ စျေးဘယ်လောက်ကြီးကောင်း သူသိပါသည်။ သူ့ကိုဒီလိုဆိုင်မှာ မနက်စာကျွေးမဲ့သူ့ညီငယ်ကို ကျေးဇူးတင်ချင်ပေမဲ့ စားပြီးသောက်ပြီးမှ အကိုစားတာအကိုရှင်းဆို ဒုက္ခ။ သူ့မှာကလည်း ပိုက်ဆံကတစ်ပြားမှပါမလာ၊ အင်းလေ သူကလည်း လူကိုမပြောမဆိုနဲ့ အတင်းဆွဲခေါ်လာတာကို ပိုက်ဆံမပြောနဲ့။ ဖုန်းတောင်ပါမလာ။ ဘာပဲဖြစ်ဖြစ် သူ့လိုသူဋ္ဌေးသားကတော့ Black cardတောင် ဆောင်ထားနိုင်တဲ့အနေအထားမို့ ကိုယ့်ကိုတော့ မရှင်းခိုင်းလောက်ပါဘူး။ သူပဲအတင်းခေါ်လာတာကို။

'' ဆင်းလေ။ ဘာလဲ တရုတ်အစားအသောက်တွေမကြိုက်ဘူးလား ''

''ဟို...မကြိုက်တာတော့ မဟုတ်ပေမဲ့ ဒီဆိုင်က အစားအသောက်တွေက အရမ်းစျေးကြီးတယ်ဆိုတာ ငါသိတယ်။ ဒီChina Restaurant က နာမည်ကြီးဆိုင်တွေထဲကတစ်ခုပဲလေ''

𝖀𝖓𝖋𝖔𝖗𝖌𝖊𝖙𝖙𝖆𝖇𝖑𝖊 Where stories live. Discover now