Part-10

915 77 22
                                    

ညနေငါးနာရီခွဲနေပြီမို့ ကျန်တဲ့သူတွေကို မစောင့်တော့ပဲ သူထမင်းစားနှင့်တော့သည်။ အရင်လိုသာဆိုရင် သူဒီချိန်ထမင်းစားပြီးရင် လမ်းထွက်လျှောက်ရင်လျှောက် မလျှောက်ရင်လည်း TV Game ဆော့နေလေပြီ။ အခုကတော့ အဲ့လိုမဟုတ်။ သူ့အား အတွင်းရေးမှူးခန့်မယ်ဆိုတဲ့ Jungkookကြောင့် သူ့မှာစီးပွားရေးနဲ့ပတ်သတ်တာတွေ အများကြီးလေ့လာရဦးမည်။ အရင်လို သူနားချင်တိုင်းနားမရ။ အစကတော့ ဒီကိစ္စကို သူJungkookနဲ့ သေချာညှိကြည့်သည်။ သူက ဆေးကျောင်းတက်နေတာလေ။ ဘယ်လိုလုပ် စီးပွားရေးအကြောင်းတွေ လေ့လာရမှာလဲ။ ဒါပေမယ့် Jungkookကလည်း သူငြင်းမယ်ဆိုတာကို အစကတည်းက သိနှင့်ပြီးသားထင်ပါရဲ့။ သူ့အားအကွက်ကျကျပြောဆိုလာသည်။

လွန်ခဲ့တဲ့ နှစ်ရက်ခန့်က>>>>>>>

" Jungkook ငါ့ကို မင်းကုမ္မဏီမှာ အလုပ်လုပ်စေချင်တယ်ဆို။ ဘာလို့လဲ မင်းကုမ္မဏီက နာမည်ရပြီးသား Brandတွေထဲက တစ်ခုပဲလေ။ ဘာကြောင့် ဘာအတွေ့အကြုံမှ မရှိတဲ့ ငါ့ကိုအလုပ်ခန့်ချင်တာလဲ။ ပြီးတော့ငါကလည်း ဆေးကျောင်းသမား။ စီးပွားရေးနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ၊ အလေ့အလာ၊ အထိအတွေ့က ဘာမှသတ်ဆိုင်တာမဟုတ်ဘူး။ ဘာကြောင့် ငါ့ကိုမင်းရဲ့ အတွင်းရေးမှူးလုပ်စေချင်တာလဲ ''

'' သိပါတယ်။ ခင်ဗျားက ဆေးကျောင်းသား။စီးပွားရေးကို စိတ်မဝင်စားဘူးဆိုတာကို။ ဒါပေမယ့် အခုက အရင်လိုအခြေအနေတွေမဟုတ်တော့ဘူး။ အရင်က Magnificent House Companyရဲ့ ပိုင်ရှင် Jeon Davidက ကုမ္မဏီရှယ်ယာတွေ အကုန်လုံးကို သူတစ်ယောက်တည်း ဦးစီးပြီး တည်ထောင်ခဲ့တာ။ ဘယ်သူအကူအညီကိုမှ မယူဘဲ သူရဲ့ ရာဂဏန်းလောက်သာ ရှိတဲ့ ဝန်ထမ်းနဲ့ သူတစ်ယောက်တည်း လက်ကိုင်ထားရတာ။ အခုလိုမျိုး ရှယ်ယာစျေးကွက်ကော၊ အဖေရဲ့ လုပ်အားကြောင့် ရလာတဲ့အကျိုးအမြတ်က ထင်မထားလောက်အောင် တိုးတက်သွားတော့ ကုမ္မဏီက လူနဲ့မနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်က Master ဘွဲ့ကို ဆက်မယူတော့ဘဲ ပြန်လာခဲ့တာ။ အဖေတစ်ယောက်တည်းမနိုင်တော့ဘူးလေ။ ဒါမို့ ကျုပ်တို့ ကုမ္မဏီမှာက လူအင်အားနည်းနေသေးတယ်။ ဒါကြောင့် ဝန်ထမ်းတွေ အများကြီးခန့်ဖို့လိုသေးတယ်။ ''

You've reached the end of published parts.

⏰ Last updated: Mar 07, 2023 ⏰

Add this story to your Library to get notified about new parts!

𝖀𝖓𝖋𝖔𝖗𝖌𝖊𝖙𝖙𝖆𝖇𝖑𝖊 Where stories live. Discover now