Part-9

926 82 8
                                    


အိပ်ရာပေါ်မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် အချိန်ဖြုန်းနေရတာ နာရီဝက်နီးပါးရှိနေတော့ ပျင်းလာပြီ ဖြစ်သောကြောင့် ဆိုရာလည်း စာဖတ်ချင်လာသဖြင့် စာကြည့်ခန်းဘက်ကို လှည့်ထွက်လာခဲ့လိုက်သည်။

ဆိုရာက စာဖတ်ဝါသနာပါသူတစ်ယောက်မဟုတ်ပါ။ စာကို ဒီတိုင်းဝတ်ကျေတန်းကျေ မဖတ်မနေရအခါမျိုးမှာသာ ဖတ်ဖြစ်တယ်။ စာဖတ်ပျင်းတာမျိုးတော့ မဟုတ်ပေမဲ့ စာပေလိုက်စားမှုမှာ အာရုံစိုက်မှုအရမ်းအားနည်းတဲ့သူ ဖြစ်သည်။ ဒါကြောင့်လည်း စာဖတ်ချိန်ဆိုပြီး သက်သက် အချိန်ကန့်သတ်ပြီး တစ်ပတ်မှာ နှစ်အုပ်လောက်တော့ ပြီးအောင်ဖတ်သည်။ ဒီလိုအကျင့်မျိုးကိုလည်း သူလုပ္လာခဲ့တာ သုံးနှစ်လောက်ပဲ ရှိဦးမယ်။ ဒါပေမဲ့ ဆိုရာက နဂိုIQမြင့်သူမို့ တစ်ရက်ကို စာအုပ်သုံးအုပ်လောက် ပြီးအောင် ဖတ်နိုင်သည်။ တစ်ပတ်မှာမှ နှစ်အုပ်ဆိုတော့ သူ့အတွက်က ဘာမှမဖြစ်စလောက်လေးမို့ စာဖတ်ချိန်လေးကိုတော့ သူအာရုံတစိုက်ဖတ်သည်။ အထူးသဖြင့်တော့ သူစိတ်ဝင်စားတာက Science Bookတွေ သူသိပ္ပံပညာကို အရမ်းစိတ်ဝင်စားသည်။ သိပ္ပံပညာရပ်ကို ငယ်ငယ်လေးကတည်းက သဘောကြလို့ အဲ့ဘာသာရပ်နဲ့ ဘွဲ့ရချင်ပေမဲ့ ငွေကြေးအရမ်းဆင်းရဲလို့ သာမန်ဘွဲ့လေးသာယူပြီး အဝေးသင်နဲ့ပြီးခဲ့ရသည်။ နောက်ပိုင်း အိမ်ထောင်ကြမှသာ လင်ယောကျ်ားပါလာတဲ့ စည်းစိမ်နဲ့ တင့်တင့်တယ်တယ် လူလားမြောက်လာခြင်းသာ။

ဘဝအကူးအခတ်ကြောင့် အတွေ့အကြုံ များပြီး လူကောင်းသူကောင်းကို ရှာတွေ့ခဲ့ပေမဲ့ အိမ်ထောင်ရေးတော့ သူမ ကံမကောင်းခဲ့ပါ။ စာဖတ်အားနည်းလို့ ဗဟုသုတ သိပ္မရွိတဲ့ ဆိုရာ့လိုလူမျိုးလောကကြီးမှာ တစ်ယောက်တည်းသာ ကျန်ခဲ့ရင် ကိုယ့်ကိုကိုယ် Suicide လုပ္မိမွာ အမှန်ပင်။ သို့ပေမဲ့လည်း သူ့အတွက် အသက်ရှင်ဆေးဖြစ်သည့် သားလေးရဲ့ မျက်နှာကိုကြည့်ပြီး သူဒီလမ်းကိုဆက်လျှောက်ခဲ့ခြင်း။ သားလေးက သူ့ဘဝအတွက် လမ်းပြသဖွယ် အမြဲထွန်းလင်းနေတဲ့ လမင်းကြီးဖြစ်သလို ရှင်နေရတဲ့ အဓိပ်ပါယျဆိုရငျလညျး မမွားပါဘူး။

သူ့အတွေးထဲ နှစ်မြောနေတုန်း သူ့လက်က စာကြည့်တိုက်ထဲက စာအုပ်များကြားက တစ္စုံတစ္ခုကို ဆုပ်ကိုင်မိသွားသည်။ ထိုအရာက စာအုပ်မဟုတ်တာတော့ သေချာသည်။ သူအထိအတွေ့အာရုံကို ခံစားမိသေလာက္ကေတာ့ ဓာတ်ပုံဘောင်တစ်ခုလိုမျိုး။ ဆိုရာလည်း သိပ်တွေးမနေတော့ပဲ လက်ကိုဆွဲထုတ်ကြည့်လိုက်တော့ ပါလာတာက သူ့အားအသက်ရှုတောင် ရပ်တန့်နိုင်စေသည်။

𝖀𝖓𝖋𝖔𝖗𝖌𝖊𝖙𝖙𝖆𝖇𝖑𝖊 حيث تعيش القصص. اكتشف الآن