Part 6

1.8K 138 15
                                    

''ငါ့ညီက စကားပြောကြမ်းလိုက်တာ''

JKက ဘာမှမပြောမဆိုပဲ တရွတ်တိုက်ဆွဲခေါ်လာတာကြောင့် JGလည်း ဖရိုဖရဲ ပါသွားခဲ့တယ်။ ထူးဆန်းတာက အမှန်ဆို သူနဲ့ သူ့ညီနဲ့က တစ်မိနစ်ပဲကွာဟတဲ့ အမွှာတွေမလား? ဒါပေမဲ့ Jkက ဘာလို့သူ့ထပ် ခန္ဓာကိုယ်နှစ်ဆလောက်ပိုကြီးပြီး အားမတရားသန်နေရတာလဲ? သူနားမလည်ဘူး။အမှန်တိုင်းပြောရရင် သူJkကို အကြောင်းအရင်းမရှိ ကြောက်နေမိသည်။  စိတ်ထဲ၌လည်း ခုနက အမေ့က သူ့ကို သခင်လေးဟုခေါ်လိုက်သောကြောင့် ခေါင်းထဲမှာလည်း ပြောမပြတတ်အောင် မေးခွန်းတွေတန်းစီနေခဲ့တယ်။ အမှန်ဆို အခုသူတို့သားအမိဒီအိမ်ကို ရောက်လာရတာက သူ့ရဲ့ပညာရေးကို အဖေက ဆက်ပြီးတာဝန်ယူပေးဖို့ မဟုတ်ဘူးလား? ကျန်တာဘာကိစ္စတွေရှိသေးလို့လဲ? အမေကတော့ သူနဲ့အဖော်လိုက်ပေးရုံသက်သက်ပဲမဟုတ်ဘူးလား? နေပါဦး...အမေက အဖေ့ကို သစ္စာဖောက်ခဲ့တဲ့သူလေ။ အဖေက လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးပါ့မလား? ဒါဆို အမေက ဘာလုပ်ဖို့ ဒီအိမ်ကိုလာခဲ့တာလဲ။ ပြီးတော့ သခင်လေးဆိုတော့.....

''ကားပေါ်တက်''

''ဗျာ''

သူ့အတွေးတွေဆုံးခန်းတိုင်အောင် မရောက်လိုက်  လူကို ကားတံခါးဘေးကို ဆောင့်တွန်းလိုက်ပြီး ကားပေါ်တက်ဆိုတဲ့ အသံကိုကြားမှ သတိပြန်ဝင်လာတော့သူက Seatမှာထိုင်ပြီးသားဖြစ်လျက် ကားမှန်အားချကာ ပြောလာခြင်းဖြစ်သည်။ သူ့ပါးစပ်ကလည်း အယောင်ယောင်အမှားမှားနဲ့ ထွက်လာသော ခွန်းတုံ့ပြန်သံကလည်း ''ဗျာ''တဲ့လေ။ ထူးပြီးမှထွက်လာသောအသံကြောင့် အမြန်ပင်ပါးစပ်ကိုပိတ်လိုက်မိသည်။ ငါကသူ့ထပ်အကြီးကိုဘာလို့ ဗျာ ထူးရတာလဲ။ စိတ်တွေလေးလိုက်တာ။ တစ်ဖက်ကလည်း ''ဗျာ''လို့ ထူးပြီးမှ ပါးစပ်ကို လက်ထိပ်လေးနဲ့တေ့ရင်း ငြိမ်ကျသွားသူအား အလိုမကျကာ ထပ်မံအသံပြုလိုက်သည်။

''ခင်ဗျား...နားလေးနေတာလား?''

''ဘာ''

''ကားပေါ်တက်လို့ ပြောနေတာကို ဘာလို့အဲ့မှာအူကြောင်ကြောင်နဲ့ရပ်နေရတာလဲ? ဘာလဲ ကျုပ်ကခင်ဗျားကို Dramaတွေထဲကလိုမျိုး ပွေ့ချီပြီး တင်ပေးရမှာလား?''

𝖀𝖓𝖋𝖔𝖗𝖌𝖊𝖙𝖙𝖆𝖇𝖑𝖊 Onde histórias criam vida. Descubra agora