part - 9

15.2K 491 2
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

( piece~ 9 )

>>>>>>>>>>>>>>>>>>>>>>>>>>>>

"အားလုံးစိတ်ချသွားရပါပြီ ဂိုဏ်းချုပ်"

ဧကန်မင်း ပြောတဲ့စကားအဆုံး
တော့ပ် မျက်လုံးများမှိတ်သွားခဲ့ရသည်။
စက္ကူ ဖတ်လို့ဖြူဖတ်နေသော ခါးလက်ဖဝါးလေးကိုဆုပ်ကိုင်
နမ်းရှိုက်ရင်း ၀မ်းသာမျက်ရည်တစ်စက်ကပါးပေါ်သို့
ကျဆင်းသွားရသည်။

"​ကျေးဇူးပါပဲ ဧကန်​"

"ရပါတယ် ဂိုဏ်းချုပ်"

ပစ္စည်းအားလုံးသိမ်းဆည်းကာ
ဧကန်မင်း ထရပ်လိုက်၍ သွေးချိတ်ထားသောခါးကို
အတန်ကြာ ငေးကြည့်နေပြီးမှ....တံခါး၀ဆီကိုဆက်လျှောက်ခဲ့၏

"ကျေးဇူးပါပဲ ခါး ပြန်လာပေးလို့
​ေက်းဇူးပါပဲ"

တော့ပ် နာကျင်စွာ ပြောရင်း ခါးနှာဖူးပြင်လေးကို
နမ်းရှိုက်နေသည်။

ထိုမြင်ကွင်းကို လှည်ပြန်ကြည့်နေသော ဧကန်
ကွက်ခနဲ မျက်နှာပြက်သွားရကာ
ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ အိမ်ပေါ်ကဆင်းခဲ့မိသည်။

ငါ ငါဘာဖြစ်နေတာလဲ
ဘာလို့ ရင်တွေခုန်နေရတာလဲ
မဖြစ်ဘူး...သူက ဂိုဏ်းချုပ်မိန်းခလေးပဲ...
ကိုယ့်ကိုကိုယ်သတိပေးရင်း အိမ်ပေါ်ထပ်ကို
တွေဝေစွာမော့ကြည့်၍ ဧကန်ကိုယ့်နေရာဆီ
ကိုယ်ပြန်ခဲ့ပေမဲ့လဲ...
ဖူးအိနေသောနှုပ်ခမ်းလေးများ...
ပြန်ကားနေသောမျက်တောင်များနဲ့ မပြစ်ကင်းစင်သော
မျက်နှာဖြူဖြူလေးကမျက်စိထဲတစ်ဝဲလည်လည်...

စံအိမ်နဲ့တဖြည့်းဖည်းဝေးကွာခဲ့သော်လည်း
တစ်စုံတစ်ခုကတော့ ထိုအိမ်မှာကပ်ကျန်ခဲ့ရသည်။
ထိုအရာကတော့....

*****************************

ခါးစိတ်ချသွားရမှ အသက်၀၀ရှူ ရဲသော
လေဒီနဲ့မစ္စတာချမ်းတို့ ခါးကို သွေးပေနေသော
အ၀တ်စားများအား ဂါ၀န်ဖြူလေးနဲ့လှဲလှယ်၀တ်ဆင်ပေး၍
အိပ်ရာပေါ်နေသားတကျ ပြန်အိပ်စေလိုက်သည်။
ပျော့ဖတ်နေသော ခါး တချက် မလှုပ်ညိမ်သက်လျှက်ပင်...

"ပြီးသွားပါပြီ အစ်ကိုကြီး"

ခပ်ပျပျလရောင်ကို ငေးကြည့်နေသော တော့ပ်
မျက်လုံးများကငဲ့ကြည့်ကာ...

ဒီနိုင်ငံ Completed (OC)Where stories live. Discover now