မုန်တိုင်းထန်တဲ့ချစ်ပင်လယ်
( piece~13 )
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဘာလို့ ဒီမှာရပ်တာလဲဟင်"
သဘောင်္ပေါ်က ဘုတ်ခနဲ တော့ပ် ခုန်ချလိုက်ကာ
လက်ကို ခါးဆီလှမ်းကမ်းပေး၍..."ဆီ ကုန်သွားလို့ ခါး ကိုယ်တို့ဒီကျွန်းမှာ
ကိုယ့်လူတွေကိုစောင့်ကြတာပေါ့"ခါး ရေလှိုင်ူများကို မရဲတရဲ ကြည့်ကာ
သူကမ်းနေတဲ့လက်ကိုလက်လှမ်းထည့်ဖို့ရွယ်လိုက်ပေမဲ့
သူခေါင်းရမ်းပြပြီး ခါးကိုလှမ်းပွေ့သည်။"မင်းရေကြောက်တယ်မဟုတ်လား
ကျွန်းပေါ်ကိုယ်ခေါ်သွားပေးမယ်"မငြင်းဆန်ပဲ ခါး သူကိုပြန်ဖက်လိုက်ကာ
ကျွန်းပေါ်သို့ ရောက်လာခဲ့သည်။"ရေတွေစိုကုန်ပြီ"
ဂါ၀န်စလေးက ရေတွေကိုညှစ်ချနေတဲ့
ခါး ကို ပြုံးထေ့ထေ့နဲ့ တော့ပ် ကြည့်နေရာက
ထကြွနေတဲ့ ရေတချို့ကိုလက်ခုတ်နဲ့ ခံလိုက်ကာ...''အမေ့...ဟင် နိုင်ငံ ဘာလုပ်တာလဲ´´
ဆံပင်နဲ့ အင်္ကျိတချို့နေရာတွေစိုကုန်ရသည်။
ပြုံးစေ့စေ့နဲ့သူက မျက်ခုံးပင့်ပြပြီး
နောက်တစ်ခါ ထပ်ခပ်ယူနေသည်။"ဟင်..မ မလုပ်နဲ့ !"
"ဟာ...ဟိတ် ဘယ်ပြေးတာလဲ"
ပြေးသွားတဲ့ ခါးကို ပြေးပြီးလိုက်ဖမ်းကာ
ရေထဲ အတင်းဆွဲချ၍ သူစနေသည်။"ဟင်အင်း...ဟင်အင်း...နိုင်ငံ ရှင်နော်"
အော်သံဟစ်သံများနဲ့ ခါးတစ်ဘုန်းဘုန်းသူ့ကျောကို
ထုကာ မျက်ရည်လေးများပင်လည်လာရသည်။"ဟာ...ငိုနေတယ် ဘာလို့လဲ ခါးရယ်
ကိုယ်ကချစ်လို့စတာကို""သူများမှ မကြိုက်တာ!!!!"
"အဟွန်း...ဟွန်း ကောင်းပါပြီဗျာ
မစတော့ဘူး မငိုနဲ့တော့နော် မင်းငိုရင်ကိုယ်လဲ
ခံစားရတယ်""အပိုတွေ...သွား!"
''ဗြမ္း...´´
စိတ်ဆိုးစွာ ခါး မျက်ရည်လာသုပ်ပေးနေသောသူ့ကို
တွန်းထုပ်လိုက်တော့ ရေတွေကြားထဲ
ဗွမ်းခနဲ လဲသွားသည်။
YOU ARE READING
ဒီနိုင်ငံ Completed (OC)