part - 17

10K 307 7
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{ အခန္​း~ 17 }

>>>>>>>>>>>>>>>>>>>>>>>>>>>>

"ကိုယ်နဲ့ရှိနေရင် တခြားအကြောင်းမမေးပါနဲ့
ကိုယ့်ကိုပဲတွေးပါ ခါး"

ခါး သူမပြောချင်ပုံမို့ဆက်မမေးတော့ပါ...

"ကိုယ့်ကို လည်ကတိုင်တပ်ပေး"

လည်ပင်းကိုရှေ့တိုးပေးပြီး ပြောလာတဲ့သူ့ပုံစံက
တကယ့်ဖြူစင်သောကလေးငယ်တယောက်ပမာ...

"ရှင် ဒဏ်ရာ သက်သာလားဟင်
နာသေးလား"

"ဘာလဲ...ကိုယ့်ကိုစိုးရိမ်လို့လား"

မမှီတမှီနဲ့ခြေဖျားလေးထောက်ပြီးသူ့အား
လည်ကတိုင်သေချာစည်းပေးနေသော ခါးခန္ဓာကိုယ်လေးက
မညိမ်ပဲ ယိုင်နေတာကို ထိန်းလိုက်သလို ခါးလေးကနေ
ဆွဲဖက်ထားလိုက်သည်။

"ဟင်...နိုင်ငံ!"

ချက်ချင်းပန်နုရောင်ပြေးသွားသောမျက်နှာလေးနဲ့ခါး
တော့ပ်ရင်ဘက်ကိုတွန်းကာ ကျောလေးကော့ထားရသည်။

"ကိုယ်လေ အရင်ကတယောက်ထဲနေသားကျနေပေမဲ့
မင်းရောက်လာကတည်းက တစ်စက္ကန့်တောင်
မင်းကိုမတွေ့ရရင်မနေနိုင်တော့ဘူး
မင်းသိလားခါး"

ပါးလေးကိုပွတ်သပ်ပြီး ပြောနေတဲ့သူမျက်နှာ
ချောချောအား ခါးမော့ကြည့်ရင်း
မျက်လုံးလေးသာဝိုင်းနေမိသည်။

"ဘာပဲ ဖြစ်ဖြစ်သေချာတာကတော့
မင်းမရှိရင် ကိုယ်ရူးပြီ"

သူ့လက်တွေက သူမပါပြင်ဆီကနေ တရွေ့ရွေ့
ဆင်းသက်လာကာ အိစက်နူးညံ့သောနှုပ်ခမ်းပါးလေးကို
လက်မနဲ့ခပ်ဖွဖွပွတ်သပ်ရင်းက...
အသာခေါင်းငုံ့လျှိုလိုက်သည်။

"ဟင်"

ခါးထိတ်လန့်စွာ လက်ဖဝါးလေးနဲ့ တော့ပ်နှုပ်ခမ်းတွေကို
လှမ်းပိတ်ပြီး ပြူးပြူးလေးကြည့်နေသည်။

"ဘာဖြစ်လို့လဲ ကိုယ်ဖြည်းဖြည်းပဲနမ်းမှာပါ"

ရဲနေတဲ့ပါးမို့မို့လေးကိုကြည့်ရင်းရင်ထဲကလိကလိနဲ့
တော့ပ် အူယားလာကာဘောင်းဘီအိတ်ထဲနှိုက်ထားတဲ့
လက်ကိုထုပ်ပြီး ခါးခေါင်းလေးကို အသာဖမ်းကိုင်လိုက်၏

ဒီနိုင်ငံ Completed (OC)Where stories live. Discover now