part - 24

7.5K 236 1
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

{အခန္​း~24}

>>>>>>>>>>>>>>>>>>>>>>>>>>>>

"ခါးဘယ်မှာလဲ"

"ဘယ်ကခါးလဲ ရိုစ့်လဲမသိရပါလား အဟင်း...ဟင်း"

"မိန်းမယုတ် မင်းလက်ချက်မှန်းငါသိတယ်
ခါးကိုမင်းဆံချှင်တတမျှင်ထိရင်တောင်
မင်းကိုငါအရှင်လတ်လတ်မင်းအဖေလိုမီးရှို့သတ်ပြစ်မှာ!!!"

"အို..ဟို ကြိမ်လှချည်လား
ရှင်ရဲ့ရင်သွေးရတနာကိုလွယ်ထားရတဲ့မိန်းမက
အခုရိုစ့်လက်ထဲမှာနော် အဟင်း...ဟင်း"

''တောက်!!!´´

ကြိခနဲ အံကြိတ်လိုက်ပြီး
လက်ထဲကဖုန့်းကိုမပေါက်ခွဲမိအောင် အတန်တန်စ်ိတ်ထိန်း
ရင်းနှင့်...

"မင်းဘာလိုချင်တာလဲ"

တော့ပ် အမေးကြောင့် တဖက်စီကအသံတိတ်ကျသွား၏
ခေတ္တကြာသော် ...

"လျော်ကြေး ကျွန်မအဖေအသက်အတွက်
ရှင့်အသက်ကိုလျော်ကြေးလိုချင်တယ်"

"ကောင်းပြီ မင်းအဖေကိုငါသတ်တာ
ငါကိုပြန်သတ်နိုင်တယ် ခါးကိုလက်ဖျားနဲ့တောင်မထိနဲ့
မဟုတ်လို့ကတော့ မင်းအမျိုးနွယ်တွေအားလုံး
ဆွေမျိုးပြတ်သွားစေရမယ်"

"အဟင်း...ကြောက်စရာပဲ
ကျွန်မလိုချင်တာလဲ ရှင့်အသက်လျော်ကြေးပါ
ချူ လုံ ဆိုတဲ့ သုသာန် ကိုရှင်တယောက်ထဲလာခဲ့ပါ"

"မင်းစောင့်နေ ခါးကိုလက်ဖျားနဲ့တောင်မထိနဲ့"

ဖုန်းကို ချလိုက်ပြီး တော့ပ် ဦးခွန်ပလစိုင်း၏
နောက်လိုက်တပည့် ထိုင်းလူမျိုးတစ်ယောက်ရဲ့
ရင်ဘက်အင်္ကျိစကိုလှမ်းဆွဲလိုက်ကာ....

"ချူ လုံ သုသာန် ဘယ်မှာရှိတာလဲ"

"ဗျာ...ချူချူလုံ"

"ကျစ် ဟုတ်တယ် မြန်မြန်ပြောစမ်း"

တော့ပ် မျက်ထောက်နီနဲ့အော်တော့
ထိုလူပျာပျာသလဲလဲနှင့်...

"ဒီ ဒီလမ်းအတိုင်းတော်တော်သွားပြီးရင်
ချူလုံ သုသာန် သို့လမ်းလို့ ထိုင်းဘာသာနဲရေးထားတာရှိ
ရှိပါတယ် အဲ့လမ်းအတိုင်းမောင်း၀င်သွားရမှာပါ"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now