Part-10

14.3K 462 5
                                    

ပြုံးနေတဲ့သူ့မျက်နှာက အရိပ်မျိုးစုံဖြတ်ပြေးနေ၏
လွမ်းဆွတ်နေတယ် ဆွေးမြည့်နေတယ်
ပြီးတော့ နာကျင်နေတယ်...

"ဘာဘာကြီးလဲ"

"ကိုယ့်ငယ်ချစ်ဦးရဲ့...အမှတ်တရလက်ဆောင်"

ခေါင်းက သူတွယ်ပေးလိုက်သည့်အရာကိုခါး
စမ်းကျုင်ကြည့်လိုက်တော့ ကလစ်လေးတစ်ခု...
ရင်ထဲဒိန်းခနဲ ဖြစ်သွားရသည့်ခါး...
ဖြည်းဖြည်းချင်း ထိုကလစ်လေးကို ချွတ်ယူကြည့်လိုက်တော့

"ဒါ...ဒါ..."

ခါးလက်ထဲကဟောင်းနွမ်းနေတဲ့စတော်ဘယ်ရီသီးပုံ
ကလစ်လေးက ခါးကိုခြောက်ခြားစေခဲ့သည်။

"ဒါ ဘယ်လိုလုပ် ရှင့်ဆီ"

သရဲတစ်ကောင်ကိုကြည့်နေသည့်အလား
သူ့ကို ထိတ်လန့်အံသြသင့်စွာ မော့ကြည့်လာသည်။

" မင်းသိလားခါး ကိုယ်မင်းကို လွန်ခဲ့တဲ့7နှစ်ထဲက
စောင့်ကြည့်နေခဲ့တယ်ဆိုတာ..."

"...................."

ဘာစကားမှ ပြန်မပြောတိုင်တဲ့ ခါး ဆွံအစွာ...

"မင်းပြောတော့ ကိုယ့်ကိုစောင့်နေတာဆို
ဘာလို့ကိုယ့်ကိုမမှတ်မိရတာလဲ"

"ရှင် ရှင်ဘယ်သူလဲ"

ကိုယ့်ကိုကိုယ်တောင်မသိပဲ ခါးမျက်ရည်များက
၀ိုင်းတက်လာခဲ့သလို အရှေ့မှာဒူးထောက်ထိုင်ချလိုက်တဲ့
သူ့မျက်၀န်းမှာလဲ မျက်ရည်စများ....

"ကိုယ်ပါခါး...မင်းတွေ့ချင်နေခဲ့တဲ့ ဒီနိုင်ငံ
လွန်ခဲ့တဲ့12နှစ်က ပျောက်ရှသွားခဲ့တဲ့
လူတွေရဲ့အနှိမ်ခံ ဒီနိုင်ငံ ပါ"

ခါး လက်ထဲ ကလစ်လေးလေးအော်ပြုတ်ကျသွားပြီး
မယုံနိုင်စွာ ခေါင်းရမ်းခါမိသည်။

"မဖြစ်နိုင်တာ မဟုတ်ဘူး
ရှင်လိမ်နေတာ နိုင်ငံက ရှင်ဖြစ်စရာလား
မဟုတ်ဘူး!!!!"

အော်ဟစ်ကာ မျက်၀န်းလေးတွေကကစဥ့်ကလျား...

"ရှင့်လိုနှလုံးသားမရှိတဲ့သူက ကျွန်မစောင့်နေတဲ့
သူဖြစ်နိုင်စရာလား သူက သူကခုဆို
လူကောင်းတယောက်ဖြစ်နေလောက်ပြီ
ရှင် လျှောက်ပြောမနေနဲ့!!!"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now