[Unicode]
အရောင်စွန်းကုန်တဲ့ အဝတ်စတွေ ၊ ဖွာလန်ကျဲနေတဲ့ ဆံပင်တွေနဲ့ သွေးတောင်ခြောက်ကုန်ပြီဖြစ်တဲ့ မျက်နှာပေါ်က ဟိုတစ်ကွက် ဒီတစ်ကွက်ဒဏ်ရာတွေ ။
ဆိုင်ခန်းတစ်ခုရဲ့ မှန်အကြည်ကနေ ခပ်ဝါးဝါးမြင်နေရတဲ့ ကိုယ့်ပုံကိုယ် ပြန်ကြည့်ရင်း ငါသက်ပြင်းချလိုက်တယ် ။ စုတ်ပြတ်ပေတလူးနေတာ လူရုပ်တောင်မပေါ်တော့ဘူး ။ ဆိုင်ခန်းထဲက အရောင်းဝန်ထမ်းကောင်မလေး ငါဘာခိုးချင်လို့လဲဆိုတဲ့ ပုံစံမျိုးနဲ့ သတိထားပြီး လှမ်းကြည့်နေတယ် ။ သူ့အနေနဲ့ ငါ့ကို မကောင်းတဲ့လူလို့ ထင်လဲထင်ချင်စရာပဲ ။ ငါ့ပုံစံက မျက်နှာက ဒဏ်ရာတွေနဲ့ စုတ်ပြတ်ပေတလူးနေပြီးတော့ အဝတ်တွေကလဲညစ်ပတ်နေတာကိုး ။ ငါထပ်ပြီး သက်ပြင်းချလိုက်ရင်း မှန်ဆက်ကြည့်မနေတော့ဘဲ ရဲအခေါ်မခံရခင် အဲဒီ့ဆိုင်ခန်းရှေ့ကနေဖြတ်လျှောက်လာလိုက်တော့တယ် ။
မနေ့က အဖြစ်ကတော့ အတော်ဆိုးတယ် ။ ရန်ပွဲတကာနွှဲလာတဲ့ ငါ့ကို တခြားကျောင်းကကောင်တွေက တစ်ယောက်ချင်းချမယ်ဆိုပြီးတော့ ချိန်းပွဲနဲ့ စိန်ခေါ် ခံရလို့ ချိန်းထားတဲ့နေရာလဲရောက်ရော ကျက်သရေတုန်းလောက်အောင် လူအုပ်လိုက် ဝိုင်းဆော်တာခံလိုက်ရတယ် ။
ငါကိုယ်တိုင်ကလဲ သာမန် ရန်ပတ်ဖြစ်တဲ့ကောင် ။ စူပါဟီးရိုးတို့ အဓိကဇာတ်လိုက်တို့လိုလဲ ဟုတ်မနေတော့ အဲဒီ့သတ္တိကြောင်တဲ့ ကောင်တွေဆီမှာ ငါ အီစိမ့်နေအောင် အထိုးခံရတဲ့အပြင် ရှယ်ပလန်နဲ့ အတီးခံရပြီး သတိလစ်သွားတော့ ငါ့ကို တမင်သက်သက် အမှိုက်ပုံမှာ လာပစ်သွားတာပဲ ။
ငါ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေလဲ ဘယ်သူခိုးသွားလဲမသိဘူး ။ ဖုန်းကလဲ အားကုန်နေတဲ့အပြင် အက်ရာပါထင်နေပြီ ။ သတိပြန်ရတဲ့အချိန် ငါ့မျက်စိရှေ့မှာ ဘယ်တုန်းတည်းက ရောက်နေမှန်းမသိတဲ့ ချန်ယောလ်က အင်းဆက်တစ်ကောင်ကိုကြည့်သလို ငါ့ကိုကြည့်နေတာ ။ ကူညီတာလဲ မဟုတ်ဘူး ။ တကယ်ဆို သူမြင်နေရင် ငါ့ကို ကူသယ်ပြီးပဲဖြစ်ဖြစ် အိမ်ခေါ်သွားရမှာမဟုတ်ဘူးလား ။
အခုတော့ သူပေးတဲ့ပိုက်ဆံကို လက်ကကျစ်ကျစ်ဆုပ်ပြီး အများသုံးရေချိုးခန်းမှာ လာပြီး ရေချိုးနေရတယ် ။ အင်း...ချန်ယောလ်က အကူအညီမရတာတော့လဲမဟုတ်ဘူး ။ စိတ်ရင်းလေးက ကောင်းရှာပေမဲ့ သူက ငါ့တစ်ယောက်ကိုပဲကွက်ပြီး လေစိမ်းတွေတိုက်တာ ။ ကူညီမဲ့ကူညီ ကောင်းကောင်းမွန်မွန် ကူညီသင့်တာကို ချန်ယောလ်ဆိုတဲ့ကောင်က ငါ့အတွက်တော့ အတော်ကို စိတ်ပုတ်စိတ်ယုတ်နဲ့ ။
ESTÁS LEYENDO
To you, From this lovelorn idiot
FanficMilllions of feelings, Worth of decades. #chanbaek