[Unicode]
ချန်ယောလ်နဲ့ ငါ့ရဲ့ကြားက အကွာအဝေးလို့ပြောရင် ငါတို့က မီတာ ၅၀၀လောက်ထိ ဝေးနေနိုင်သလို တစ်စင်တီမီတာလောက်ပဲ ကွာဝေးတဲ့အထိလဲ နီးကပ်နေနိုင်တယ် ။
ငါတို့နှစ်ယောက် နီးကပ်နေဖို့ ဘာမှမခက်ခဲသလို အဝေးကြီးဝေးသွားဖို့ဆိုရင်လဲ ဘာကြိုးစားအားထုတ်မှုမှမလိုအပ်ခဲ့ဘူး ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ချန်ယောလ်က ငါ့အတွက် အရင်းနှီးရဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်နေပြီး သူငယ်ချင်းဖြစ်နေတဲ့အတွက်မို့လို့ကို ငါက ရှေ့ဆက်တိုးပြီး နီးကပ်ချင်နေလို့မရတာကြောင့်... ။
ငါနဲ့သူက ကြိုးဝိုင်းတစ်ခုတည်းမှာ ကျောချင်းကပ်ရပ်နေကြတယ်ဆိုရင် ချန်ယောလ်က ကြိုးဝိုင်းထဲက အရင်ဆုံးထွက်သွားမဲ့သူဖြစ်ပြီး ငါကတော့ ချန်ယောလ် ကြိုးဝိုင်းထဲကထွက်မသွားအောင် ဆွဲထားမဲ့သူ ....။ ဒါပေမဲ့ နောက်များ ပြန်လှည့်ကြည့်လိုက်လို့ ငါ့ကို စောက်ခွက်ပြောင်ပြနေမဲ့ ချန်ယောလ်ရဲ့ ကျောပြင်ကို မြင်ပြီးရင်တော့ ငါက ဒေါသတကြီးနဲ့ သူ့ထက်အရင် ကြိုးဝိုင်းထဲက ထွက်သွားလိုက်မှာပေါ့ ။ အဲ့သလိုနဲ့ ချန်ယောလ်နဲ့ ငါက ဘယ်လိုမှ မနီးစပ်နိုင်လောက်မဲ့ အဖြစ်ကို ငါကြိုပြီးလဲ မြင်နေခဲ့ပါတယ် ။ ဒီအတိုင်းပဲ ဆက်သွားနေရင် တစ်ချိန်ချိန်တော့ ငါသူ့ကို မကြိုက်တော့တဲ့အချိန် ရောက်လာမယ်လို့ ထင်တာပါပဲ ။
သူငယ်ချင်းအနေနဲ့ဆိုရင်တော့ သူ့အနားမှာ တစ်ချိန်လုံး တစ်နည်းနည်းနဲ့ နီးနီးကပ်ကပ်နေလို့ရပြီး တစ်မျိုးတော့ ကောင်းသလိုထင်ရတယ် ။ ဒါပေမဲ့ ငါက သူ့သူငယ်ချင်းအဖြစ်နေရတာလဲ မဆိုးပါဘူးလို့ တွေးလိုက်ရင် ငါ့ဘာငါ လိမ်ရာကျတယ် ။ ငါက သူ့သူငယ်ချင်းဖြစ်ချင်နေတာမှ မဟုတ်တာပဲ ။
"ဘတ်ဟျွန်း...ငါ့မွေ့ရာရော..."
မျက်နှာသစ် ခြေလက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ ချန်ယောလ်က ဘီရိုတံခါးကို ဖွင့်ကြည့်ရင်း ငါ့ကို တအံ့တသြမေးခွန်းထုတ်လာတယ် ။ ခုတင်ပေါ်ဘေးတစောင်းလှဲပြီး ခြေထောက်တစ်ဖက်ကို တဆတ်ဆတ်လှုပ်လို့ အတွေးလွန်နေတဲ့ ငါက ချန်ယောလ်အသံကြောင့် အတွေးထဲက ရုန်းထွက်ပြီး သူ့ဆီအကြည့်ရောက်သွားရတယ် ။
![](https://img.wattpad.com/cover/301415116-288-k624995.jpg)
ESTÁS LEYENDO
To you, From this lovelorn idiot
FanficMilllions of feelings, Worth of decades. #chanbaek