[Unicode]
ငါ့ရဲ့ ကျောင်းအပြင်ဘက်ကို ခိုးထွက်ပြီးစတိုးဆိုင်မှာ ဖဲပြားနဲ့အလှစာရွက်တွေဝယ်ဖို့ အကြံအစည်က နေ့လယ်စာစားချိန်မှာ စာသင်ခန်းတံခါးဝကနေ ငါ့နာမည်ကို တည့်တည့်ကြီးခေါ်ပြီး 'ပြောစရာရှိတယ်..ရုံးခန်းလိုက်ခဲ့ 'ဆိုတဲ့ အတန်းပိုင်ဆရာလီရဲ့စကားကြောင့် မရှုမလှ ပျက်စီးသွားခဲ့ရတယ် ။
နေ့လယ်စာစားမယ်ဆိုတဲ့ ဆင်ခြေနဲ့ ငါထွက်ပြေးဖို့လုပ်ပေးမဲ့ မျက်မှန်လေးထောင့်ကြီးကို အားနဲ့မာန်နဲ့ပင့်ရင်း ငါမလာမချင်း ဂုတ်က ကိုင်ဆွဲပြီး ခေါ်သွားမဲ့ပုံပေါက်နေတဲ့ အတန်းပိုင်ဆရာကြောင့် ငါ့မှာ လွတ်လမ်းမရှိလိုက်ရဘဲ ရုံးခန်းကို ကို့ရို့ကားယား ပါသွားရတော့တယ် ။
ဘာကိစ္စမို့လို့ ဒီနေ့မှ ငါ့ကို သိပ်ပြီး တွေ့ချင်နေရတာလဲလို့ တွေးရင်း မကျေမနပ်လဲ ဖြစ်ရတယ် ။ နားနေခန်းထဲ ဆရာနဲ့ နှစ်ယောက်တည်းထိုင်ပြီး အနာဂတ်အကြောင်းဆွေးနွေးဖို့ ဒီနေ့က နေ့ကောင်းရက်ကောင်းမဟုတ်ဘူးဆိုတာကို ဆရာနားလည်အောင် ငါဘယ်လိုရှင်းပြရမလဲ..။
မြန်မြန်ပြောစရာရှိတာပြောပြီး အမြန်ဆုံးအလျင်နဲ့ ဘယ်ဆရာမှ မမိခင် ကျောင်းပြင်ကိုထွက် ၊ လေအလျင်နဲ့ ကျောင်းကိုပြန်လာဖို့ ငါ့ခေါင်းထဲ အစီအစဥ်ချရင်း အတွေးများနေမိတယ် ။ ချန်ယောလ်ကို ပထမဆုံးချောကလက်ပေးတဲ့သူက ငါမဟုတ်ခဲ့တာကြောင့် အထူးခြားဆုံး ချောကလက်ကိုတော့ ငါပေးမယ်လို့ ရည်ရွယ်ထားခဲ့တာ ။ ချန်ယောလ် ဒီနေ့မှာ လက်ခံစားသုံးမဲ့ တစ်ခုတည်းသော ချောကလက်က ငါ့ချောကလက်ဖြစ်နိုင်ကြောင်း ကြိုတွေးမိရင်း ထိုင်းမှိုင်းနေတဲ့ စိတ်တွေတောင် အတော်လေး အူမြူးသွားခဲ့တယ် ။
"ကြားလား..ဘတ်ဟျွန်း.."
ဆရာလီရဲ့ အသံနက်နက်က ငါ့ရံ အတွေးရေယာဥ်တွေကို အကြမ်းပတမ်းပဲ လှုပ်ခတ်သွားတယ် ။ ငါ့နားထဲ တက္ကသိုလ် ၊ ဥပဒေ ၊ သေချာ စတဲ့ စကားလုံးတွေ ကြားလိုက်ပေမဲ့ ငါ့ခေါင်းထဲက မှတ်ဉာဏ်တွေကတော့ ဖဲပြား ၊ ချောကလက် ၊ ပန်းရောင်..ဒါတွေပဲ ရှိတယ် ။
"...မကြားလိုက်ဘူး ဘာပြောလိုက်တာလဲ "
ငါအူကြောင်ကြောင်နဲ့ ပြန်ကြည့်နေတာကို ကြည့်ရင်း ဆရာလီက လက်ထဲက ရှင်းပြနေတဲ့ စာရွက်တွေကိုချလို့ သက်ပြင်းချတယ် ။
STAI LEGGENDO
To you, From this lovelorn idiot
FanfictionMilllions of feelings, Worth of decades. #chanbaek