(၃)

332 58 6
                                    


I'm Already Yours ။ ၃ ။

Colourful ပန်းချီပစ္စည်းအရောင်းဆိုင်လေးရဲ့ ရုံးခန်းငယ်လေးထဲ ဂျွန်မြောင်တစ်ယောက် စာရင်းတွေနှင့် အလုပ်ရှုပ်နေ၏။ ပြီးခဲ့သည့်ရက်တွေအတွင်း ကျန်းရီရှင်းအလိုကိုလိုက်၍ အိမ်မှာသာနေခဲ့သည့်အတွက် ဂျွန်မြောင်အနေနှင့် အခုမှ စာရင်းတွေပြန်စစ်ရသည်။ အခုတလောလည်း ဖွင့်မပြောပေမဲ့ ကျန်းရီရှင်းပုံစံက ပင်ပန်းနေပုံရသည်ကြောင့် ဂျွန်မြောင်ဂရုစိုက်ပေးချင်သေးရဲ့။

" သူဌေး ဒါက နောက်လမှာကျင်းပမဲ့ ပွဲလေးအတွက်ပါ..."

ဂျွန်မြောင်ပြီးလျှင် ဆိုင်၏အရာအားလုံးကိုတာဝန်ယူရသူ မန်နေဂျာဂန်က ဖိုင်တွဲနှင့်အတူ တင်ပြလာသည်။
ဂျွန်မြောင့်မှာအတွင်းရေးမှူးမရှိ။ မန်နေဂျာဂန်က ဂျွန်မြောင့်တက္ကသိုလ်မှဂျူနီယာလေးဖြစ်သည်။ အခက်အခဲတွေကိုယ်စီရှိနေခဲ့သည့် ဂျွန်မြောင်နှင့်မန်နေဂျာဂန်က တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဖြင့် အချင်းချင်းကူညီခဲ့ကြခြင်းပင်။ ဒါကြောင့်လည်း ဂျွန်မြောင်က မန်နေဂျာဂန်ကိုစိတ်ချယုံကြည်သလို၊ မန်နေဂျာဂန်ကလည်း အလုပ်နှင့်ပတ်သက်လျှင်စေ့စပ်သေချာကာ တာဝန်ကျေလှသည်။

" အင်း... ပြီးပြည့်စုံသလောက်ရှိနေပြီပဲ ။တချို့ အတည်ပြုဖို့လိုတာလေးပဲ အစ်ကို့ကိုပြပြီး ကျန်တာမင်းပဲလုပ်လိုက်ပါ  "

"ဟုတ်ကဲ့ သူဌေး "

ဂျွန်မြောင် မန်နေဂျာဂန်ဆီသို့ ဖိုင်ပြန်ပေးလိုက်သည်။
မန်နေဂျာဂန်ရုံးခန်းထဲမှ ထွက်သွားချိန် ဂျွန်မြောင်လည်း စာရင်းတွေနှင့် အလုပ်ပြန်ရှုပ်သွား၏။
နောက်လကျလျှင်လည်း ဆိုင်မှာ ကလေးတွေအတွက် ပန်းချီပစ္စည်းတွေအထူးရောင်းချပေးမဲ့ အစီအစဉ်လေးရှိသေးသည်။ ကျန်းရီရှင်းသာသိလျှင်မျက်မှောင်ကြီးကြုတ်နေဦးမည်။

သည်ဆိုင်လေးကိုတောင် ကျန်းရီရှင်းက ဖွင့်စေချင်သည်မဟုတ်။ သူရှာသမျှက သူ့အမျိုးသားလေးအတွက်ပါဟုဆိုကာ ဂျွန်မြောင်ဆွဲသမျှ ပန်းချီတွေအား ရောင်းခွင့်မပြု။ သူသာ ဝယ်မည်ဟုလည်းဆိုဖူးသည်။ ကျန်းဂျွန်မြောင်ဆွဲသည့်ပန်းချီတွေကို ကျန်းရီရှင်းကဝယ်တော့ ဘာထူးမလဲ။ အဲ့သည်တော့ ဂျွန်မြောင့်မှာ ဆွဲမိသမျှပန်းချီတွေကို ကျန်းရီရှင်း သူ့အတွက်လုပ်ပေးထားသည့် ပန်းချီခန်းထဲမှာသာ အလှထား,ထားရသည်။ ဓာတ်ပုံရိုက်ပြီး igမှာမျှဝေ၏။ ကျန်းရီရှင်းဟာ သူ့အမျိုးသားလေးက ပန်းချီပြခန်းဖွင့်ပေးပါဆိုလျှင်တောင် ဖွင့်ပေးမည့်သူဖြစ်ပေမဲ့ ကျန်းဂျွန်မြောင်နှင့်ပတ်သက်လျှင် အကုန်လုံးသူသာသိမ်းချင်သူဖြစ်သည်။နောက် ကျန်းဂျွန်မြောင်ဆွဲသမျှပန်းချီအားလုံးကို အမြတ်တနိုးသာသိမ်းဆည်းထားချင်သူဖြစ်၏။

I'm Already Yours [XingHo]Место, где живут истории. Откройте их для себя