(၄)

327 59 11
                                    

I'm Already Yours ။ ၄ ။

" ကိုကို ရှိလားဟင် "

"အယ်  သခင်လေးကျန်း "

ပြုံးရိပ်ရိပ်နှင့် ဂျွန်မြောင့်ကိုမြင်ချိန် ကျန်းရီရှင်း၏အတွင်းရေးမှူးမလေးက ပျာပျာသလဲထလာသည်။

" ဥက္ကဋ္ဌကျန်းက ဧည့်သည်နဲ့စကားပြောနေတယ်ရှင့် ကျွန်မသွားပြောပေးမယ်။ ခဏလေး..."

"အာ ရတယ်ရတယ်  ။ ဧည့်သည်ရောက်နေတာဆိုတော့ အေးဆေးစကားပြောပါစေ။ ကျွန်တော်ဒီကပဲစောင့်နေမယ်ဗျ "

"ဟုတ်ကဲ့ ။ ဒါဆို ကျွန်မကော်ဖီဖျော်ပေးမယ်လေနော်"

" ကျေးဇူးပါဗျ "

ဂျွန်မြောင်က ရုံးခန်းရှေ့မှ ထိုင်ခုံတန်းလေးမှာ ဘေးလွယ်အိတ်လေးကို ပေါင်ပေါ်တင်ထားကာထိုင်လိုက်၏။ စားသောက်ခန်းထဲသို့ ဝင်သွားသည့် အတွင်းရေးမှူးယွန်းက ဂျွန်မြောင်၏ အလိုက်သိမှုနှင့် နှိမ့်ချမှုကို အမြဲတမ်းသဘောကျရသည်။ ဥက္ကဋ္ဌ၏အမျိုးသားဟူ၍ ဘယ်တော့မှ ဥက္ကဋ္ဌရုံးခန်းထဲ လက်လွတ်စပယ်မဝင်သလို၊ စကားပြောရည်မွန်၏။ ဥက္ကဋ္ဌကျန်းက သူ့အမျိုးသားလေးကို ဘာကြောင့်သဲသဲလှုပ်ချစ်ရသည်ဆိုတာ အတွင်းရေးမှူးယွန်း မအံ့သြတော့သည်မှာကြာပြီဖြစ်သည်။

" ကော်ဖီသောက်ပါရှင့် ။ဥက္ကဋ္ဌက ဧည့်သည်နဲ့စကားပြောတာကြာမလားမသိဘူး။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကိုအားမနာဘဲ ပြောပါနော်"

" ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါဗျ "

ဂျွန်မြောင့်ကို ဦးညွှတ်လိုက်ပြီး အတွင်းရေးမှူးယွန်းက နေရာမှာသွားပြန်ထိုင်ကာ အလုပ်တွေဆက်လုပ်နေ၏။

ကြိုအကြောင်းမကြားဘဲ လာခဲ့သည်ဖြစ်ရာ ဂျွန်မြောင် ကိုယ့်အပြစ်နှင့်ကိုယ်ပျင်းနေသည်ကြောင့် ဖုန်းလေးထုတ်ကာ လျှောက်ကြည့်ရသည်။ ထိုင်စောင့်နေခဲ့ချိန် တစ်နာရီဝန်းကျင်လောက်အကြာမှာ ရုံးခန်းတံခါးပွင့်လာခဲ့၏။

ဧည့်သည်တွေနှင့်အတူ ထွက်လာသည့် ကျန်းရီရှင်းက ဂျွန်မြောင့်ကိုမြင်ချိန် အံ့သြသွားပြီးနောက်ပြုံးသွားလျက်။ ဂျွန်မြောင်က ပခုံးလေးတွန့်ကာ ပြုံးပြလိုက်ချိန် ကျန်းရီရှင်းက ဧည့်သည်တွေကိုစကားပြောရင်း မျက်လုံးတစ်ဖက်မှိတ်ပြ၏။ ဂျွန်မြောင် အသံမထွက်အောင်ကြိတ်ရယ်လိုက်မိချိန် ကျန်းရီရှင်းက သူ့ဘေးနားသို့ရောက်လာခဲ့ပြီ။ ဂျွန်မြောင့်ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်မှာ နူးညံ့ညင်သာစွာ...

I'm Already Yours [XingHo]Where stories live. Discover now