I'm Already Yours ။ ၂ ။
ဂျွန်မြောင် ဒီနေ့ သူငယ်ချင်းဖြစ်သူ ဘတ်ခ်ဟျွန်းနဲ့တွေ့ဖို့ရှိသည်။ ဆုံဖို့သိပ်ခက်ခဲသည့် ဘတ်ခ်ဟျွန်းနဲ့ဆုံဖို့ကို ဂျွန်မြောင်ဟာ ကျန်းရီရှင်းဆီ တစ်ပတ်လောက်တောင်းဆိုခဲ့ရ၏။ သူ,မပါလျှင် ဘယ်ကိုမှမလွှတ်ချင်သည့် ကျန်းရီရှင်းဟာလည်း သူ့အမျိုးသားလေး မျက်နှာညှိုးနေ၍ မတတ်သာဘဲ ခွင့်ပြုလိုက်ရခြင်း။ ဒါပေမဲ့ မအားလပ်သည့်ကြားမှပင် သူကအပို့အကြိုလုပ်ဦးမည်ဖြစ်သည်။
ရှပ်အင်္ကျီလက်တိုပန်းရောင်ဖျော့ဖျော့လေးနှင့် ဘောင်းဘီအဖြူရောင်ကို တွဲဝတ်ထားသည့် သူ့အမျိုးသားလေးကို ကျန်းရီရှင်း ငေးနေ၏။ ဘေးလွယ်အိတ်လေးထဲ လိုအပ်တာတွေထည့်နေသည့် ဂျွန်မြောင်ကတော့ ကျန်းရီရှင်းရဲ့ဖြစ်ရပ်ကို သတိမမူမိပေ။ လျှောက်လည်ရမည့်ကလေးတစ်ယောက်လို ဂျွန်မြောင့်ပုံစံလေးက ကြည်လင်လန်းဆန်းလို့နေသည်။
" မြန်မြန်သွားရအောင်..."
ခပ်ပြတ်ပြတ်ဆိုပြီး အခန်းထဲမှထွက်သွားသည့် ကျန်းရီရှင်းရဲ့ကျောပြင်ကိုကြည့်ပြီး ဂျွန်မြောင်ပြုံးလိုက်၏။ ကျန်းရီရှင်း ဘာဖြစ်နေပြီဆိုတာသူသိသည်။ ကျန်းရီရှင်းကို သူချစ်နေသလား ကိုယ့်ကိုယ်ကိုယ်သေချာမဆန်းစစ်နိုင်သေးပေမဲ့ လက်ထပ်ခဲ့တာ သုံးနှစ်ကျော်ပြီဖြစ်သလို၊ အနေတည်တယ်ထင်ရပေမဲ့ သူ့အပေါ်သိပ်ဂရုစိုက်သည့် သူ့အမျိုးသားကျန်းရီရှင်းအကြောင်းကို ဂျွန်မြောင်နောကြေနေခဲ့ပြီ။
" ကိုကိုလာကြိုရင်လေ အိမ်မပြန်ခင် ကျွန်တော်တို့လမ်းခဏလျှောက်ရအောင်လား "
ကားကိုဂရုစိုက်မောင်းနေသည့် ကျန်းရီရင်းရဲ့မျက်ခုံးတွေ တွန့်ချိုးသွားသည်က တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားနေဟန်။
"သဘောလေ ... "
သဘောတူသံလေးဟာ တိုးတိုးလေး။ ဘတ်ခ်ဟျွန်းနဲ့တွေ့မည့်ဆိုင်ရှေ့သို့ရောက်သည့်အခါ ကျန်းရီရှင်းက သူ့အမျိုးသားလေးကို ဆိုင်ထဲအထိလိုက်ပို့သည်။
" မတွေ့ရတာကြာပြီ ဥက္ကဋ္ဌကျန်း "
"အင်း ။ ဂျွန်လေးကို သေချာအပ်ခဲ့ပါတယ် "
أنت تقرأ
I'm Already Yours [XingHo]
أدب الهواةZhangYiXing × KimJunMyeon Fan Fiction အနုပညာတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည့် ဂင်မ်ဂျွန်မြောင့်ကို မြင်မြင်ချင်းမှာပဲချစ်မိခဲ့ပြီး ချစ်ရေးဆိုခဲ့သည့်ကျန်းရီရှင်း။ အကြောင်းကိစ္စတစ်ခုကြောင့် နှစ်ယောက်သားလက်ထပ်လိုက်ပြီးနောက်မှာ ခင်ပွန်းတစ်ယောက်အနေနဲ့...