(၁)

526 82 17
                                    

I'm Already Yours ။ ၁ ။

ဂျွန်မြောင် ကျန်းရီရှင်းအတွက် အဝတ်အစားထုတ်ပေးခဲ့ကာ မနက်စာဝိုင်းကူပြင်ဖို့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ ထမင်းစားခန်းမှာ မနက်စာအားလုံးကအဆင်သင့်ဖြစ်နေပေမဲ့ တစ်ခုတော့လိုသေးလေရဲ့။

" ကျွန်တော် ကော်ဖီဖျော်လိုက်မယ် ဒေါ်လေးဆွန်း "

"ဟုတ်ကဲ့ သခင်လေးကျန်း "

ဂျွန်မြောင် မီးဖိုဆောင်ရဲ့ခေါင်းဆောင်ဖြစ်သည့် ဒေါ်လေးဆွန်းကို ပြုံးပြလိုက်ကာ ကော်ဖီနှစ်ခွက်ဖျော်လိုက်သည်။ စားပွဲမှာနေရာချပြီးသည်အထိ ကျန်းရီရှင်းကဆင်းမလာခဲ့သေး။ ဂျွန်မြောင် ထိုင်စောင့်နေတုန်းပင် ထမင်းစားခန်းထဲဝင်လာခဲ့သည့်ကျန်းရီရှင်းက မျက်မှောင်ကြုတ်နေလျက် လက်ကလည်းနက်ကတိုင်ကို ကိုင်လာသေးသည်။

" ကိုယ့်ကို နက်ကတိုင်စည်းပေး "

သူ့ဘေးမှာတောင့်တောင့်ကြီးလာရပ်ရင်းဆိုသည့် ကျန်းရီရှင်းကြောင့် ဂျွန်မြောင်ပြုံးရင်းသာ မတ်တပ်ရပ်လိုက်၏။

ကိုကိုက တစ်ခါတစ်လေ ကလေးကြီးလိုပဲလို့ ဂျွန်မြောင်ထင်မိသည်။

" နေလို့ကောင်းရဲ့လား ... "

နက်ကတိုင်သေချာစည်းပေးနေသည့်ဂျွန်မြောင့်ကို စိုက်ကြည့်မြဲကြည့်ရင်း မေးလာခဲ့သည့်ကျန်းရီရှင်းအသံတွေဟာ စိုးရိမ်မှုတွေဖုံးလွှမ်းနေလျက်ရှိသည်။ ဂျွန်မြောင် နှုတ်ခမ်းတို့တွန့်ချိုးလိုက်ရင်း ...

"ကျွန်တော် နေကောင်းနေပါပြီ မစိုးရိမ်ပါနဲ့ ။ ပြီးပြီဗျ "

"ပြီးတာပဲ "

မျက်နှာတည်ကြီးနဲ့လှည့်ထွက်သွားကာ မျက်နှာချင်းဆိုင်က ခုံမှာသွားထိုင်သည့် ကျန်းရီရှင်း။ မနက်စာစားနေသည့်တလျှောက်လုံး ကျန်းရီရှင်းရဲ့မျက်နှာက တင်းမာနေဆဲရှိ၏။

သူ့ကို မနက်တိုင်း နက်ကတိုင်စည်းပေးပါလို့ပြောထားသည်ကို ဂျွန်မြောင် ဒီမနက်သတိလက် လွတ်ဖြစ်သွားလို့ ကျန်းရီရှင်းစိတ်အနှောင့်အယှက်ဖြစ်သွားသည်ထင်ပါရဲ့။ ဂျွန်မြောင်နဲ့ပတ်သက်ရင် ကျန်းရီရှင်းကနည်းနည်းလေးမှ အတိမ်းအစောင်းမခံပေ။

I'm Already Yours [XingHo]Where stories live. Discover now