(၁၀) Final

257 36 2
                                    

I'm Already Yours ။ ၁၀ ။ Final ။

" ဒီနေ့ အားလုံးအဆင်ပြေချောမွေ့ပါစေဗျ "

ကျန်းရီရှင်းကို နက်ကတိုင်စည်းပေးရင်း ဂျွန်မြောင်ကဆို၏။

" ကလေးပေးတဲ့ဆုနဲ့ပြည့်ပါစေ "

အသည်းယားစရာအခေါ်အဝေါ်ကြောင့် ဂျွန်မြောင်က ပုခုံးလေးတွန့်ကာရယ်လေရဲ့။ ကျန်းရီရှင်းက တည်တံ့ပေမယ့် သူ့အမျိုးသားလေးနဲ့ဆို ရွှင်မြူးနေကာ စနောက်တတ်သူဖြစ်သည်။

" ဒါလေးရော..."

သေချာရွေးချယ်ထားသည့် နက်ကတိုင်ပင်လေးကို သေချာတပ်ပေးပြီးနောက် ဂျွန်မြောင်က ကျန်းရီရှင်းပုခုံးကိုသိုင်းဖက်ကာ နှုတ်ခမ်းကို အနမ်းဖွဖွပေး၏။

" ဟီးဟီး..."

သူ့ဘာသာနမ်းပြီး ရှက်ရယ်,ရယ်နေတဲ့ ဂျွန်မြောင့်ကို ကျန်းရီရှင်းက အကြင်နာတွေဝေနေတဲ့မျက်ဝန်းနဲ့သာ စိုက်ကြည့်နေလေရဲ့။

"တာ့တာ...စောစောပြန်လာခဲ့ "

ကားနားအထိလိုက်ပို့ပြီး ဂျွန်မြောင်က ချစ်စရာကောင်းစွာ အမှာစကားတွေခြွေလေတော့ ကျန်းရီရှင်းတို့ အသက်ရှူတွေမှားရပြီ။ ကားနောက်မှာထိုင်နေရင်းမှ အမျိုးသားလေးကို လက်လှမ်းပြရင်း ကျန်းရီရှင်းတွေးနေမိတာက ဒီနေ့အလုပ်တောင်မသွားချင်တော့ဘူးဆိုတာပဲ။
အခုတလော သူ့အမျိုးသားလေးက သူ့အပေါ်သိပ်ကြင်နာလာခဲ့တော့ ကျန်းရီရှင်းတို့ ကမ္ဘာငယ်လေးဟာ သာယာလို့...။

ဂျွန်မြောင်က သူ့ကိုကိုကားလေးခြံဝန်းထဲက ထွက်သွားမှ အိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။
ဒီနေ့ ဂျွန်မြောင် ဆိုင်သို့မသွားဘဲ အိမ်မှာပဲနေမည်။ မကြာခင်ရောက်ရှိတော့မည့် မင်္ဂလာနှစ်ပတ်လည်လေးနှစ်ပြည့်အတွက် သူ့ကိုကိုကိုလက်ဆောင်ပေးဖို့ ဆွဲနေသည့်ပန်းချီကားကို သူလက်စသတ်သင့်ပြီလေ။

ပန်းချီခန်းကို လော့ခ်ချလိုက်ပြီး ဂျွန်မြောင် Thinking Out Loud သီချင်းလေးဖွင့်ထားလိုက်သည်။ ခါးစည်းလေးစည်းလိုက်ပြီး ဆွဲလက်စပန်းချီကားရှေ့မှာ ထိုင်လိုက်သည့် ဂျွန်မြောင့်မျက်နှာလေးဟာ ကြည်နူးဟန်နဲ့ပြုံးနေခဲ့၏။

I'm Already Yours [XingHo]Tempat cerita menjadi hidup. Temukan sekarang