" ပြီးတော့ မမေ့ဖို့က မင်းရဲ့အလုပ်က Khun Kinn ကို ကာကွယ်ဖို့ဆိုတာပဲ။ ဘယ်လိုပဲဖြစ်နေနေ သူ့ကို သေချာပေါက် လုံခြုံအောင်ကာကွယ်ပေးနိုင်ရမယ် "
အထဲမှာ သေနတ်နဲ့ဓား ပါတဲ့ သေတ္တာအမဲကို မရင်း ကျွန်တော့်ကို လှမ်းပေးလာတယ်။
" အကယ်၍ ကျွန်တော် မတော်တဆ တစ်ယောက်ယောက်ကို ပစ်မိရင်ရော? ကျွန်တော်ဖမ်းခံရမှာလား? "
သေနတ်ကို ကစားစရာတစ်ခုလိုပေးလာတယ်။ ကျွန်တော်သာ တစ်ယောက်ယောက်ကို သတ်မိရင် ဘယ်လိုလုပ်မလဲ? အဲ့ဒီ Khun Kinn ဆိုတဲ့လူက ကျွန်တော့်အစား ထောင်ထဲဝင်ပေးမှာလား?
" ဒီကလူတွေအကုန်လုံးကို ဥပဒေအရ ဘယ်သူမှ ဖမ်းလို့မရဘူး "
Khun Korn ( Kinn ရဲ့ဖခင်ဖြစ်သူ Mafia ခေါင်းဆောင်) က ဒါတွေပါ ဝယ်ထားတယ်လို့ သေချာပေါက်ပြောနိုင်တာလား? ဒီလောက်တောင်? ဒီလိုသြဇာအာဏာကြီးဖို့ကို ဒီလူတွေ ဘယ်လိုအလုပ်မျိုးတွေများလုပ်တာလဲ?
" အဲ့ဒါဆိုရင်တော့ အနည်းဆုံး Khun Kinn ကို ဘယ်သူ့ဆီက ကာကွယ်ရမလဲဆိုတာတော့ ပြောပေးပါ "
" အကုန်လုံးဆီက။ သူ့ကိုထိခိုက်နိုင်စေမယ့် ဘယ်သူမဆို "
ဟား! ဒါကတော့..
" အကြွေးယူထားတဲ့သူတွေ ပြိုင်ဘက်တွေ ဒါတွေအပြင် နောက်ထပ်အများကြီးပေါ့ "
ကောင်းတယ်။ သိပ်ကောင်းတယ်။ ဘယ်လိုရန်သူတွေကိုရင်ဆိုင်ရမယ်ဆိုတာမျိုးကို အကောင်းဆုံးနည်းလမ်းနဲ့ရှင်းပြလိုက်သလိုပဲ။ တကာ်ပဲ ဒီအိမ်က ပိုင်တဲ့လုပ်ငန်းအမျိုးအစားတွေက ဘယ်လိုတွေများမို့လို့လဲ ဆိုတာ သိချင်လာပြီ။ ပထမကတော့ အပြစ်ကင်းစင်တယ် ထင်ရတဲ့ကောင်လေးကို ကာကွယ်ပေးခဲ့တာပဲရှိတာ။ ခုများတော့ အဲ့ကောင်လေးရဲ့ မိသားစုနောက်ခံပြဿနာတွေကိုပါ ကိုယ်က ရင်ဆိုင်ပေးရတဲ့အထိ။
" ဒီမိသားစုက ကာစီနိုဖွင့်ထားတာ တရားမဝင်ငွေချေးတာတွေအပြင် တခြားအမျိုးမျိုးလုပ်ငန်းတွေကိုပါ လုပ်တယ် "
P'Chan (Mr.Korn ရဲ့လက်ထောက်) က မမေးဘဲနဲ့တောင် ကျွန်တော့်အတွေးကို သိနေတဲ့အလား ပြောပြလာတယ်။
စိတ်ဖတ်တတ်တာများလား? ဆဲကြည့်လိုက်သင့်လား? အကယ်၍ စိတ်ဖတ်နေရာကနေ ကြားသွားရင်လည်း ရှယ်ပဲလေ။
" တော်ရုံမျက်နှာကိုကြည့်ပြီး အလုပ်သွားလုပ်ပါတော့လား။ Khun Kinn က အခုလောက်ဆို တက္ကသိုလ်ကနေ အိမ်ကိုပြန်ရောက်နေလောက်ပြီ။ သွားပြီး ကြည့်ဦး "
စိတ်မပါသလိုလို ခေါင်းညိမ့်ပြလိုက်ရင်း သေနတ်နဲ့ဓားထည့်ထားတဲ့အိတ်ကို ယူလိုက်ပြီးတာနဲ့
" ကဲ ဘယ်မှာလဲ Kinn အခန်းက? "
" Khun Kinn က မင်းသူငယ်ချင်းမဟုတ်ဘူး။ မယဥ်မကျေးနဲ့နာမည်တပ်ပြောတာတွေလာမလုပ်နဲ့ "
ခက်ထန်တဲ့အသံလာရာဆီက Big ( Kinn ရဲ့ Bodyguard , Spoiler Alert : အရှေ့ပိုင်းတွေမှာ အခန်းကြီးကြီးမားမားပါပြီးတဲ့နောက် နောက်ပိုင်း ပျောက်ကွယ်သွားရမည့်သူ) ကို ကြည့်ရင်း ကျွန်တော်ရဲ့ မျက်လုံးတွေကလည်း အလိုလို အပေါ်ကပ်လန်သွားတဲ့ အမူအရာမျိုး လုပ်မိသွားတယ်။
King Rama X က ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပြီဆိုတာရော ဒီဘဲ သိရောသိရဲ့လား?
" အခု သူ ဘယ်မှာလဲ ? "
နာမည်အတိအကျမပါအောင်လို့ကြိုးစားရင်း ထပ်မေးလိုက်တယ်။
" ဒုတိယထပ် ဘယ်ဘက်အစွန်ဆုံးအခန်း "
YOU ARE READING
မာဖီးယားနဲ့ သူ့ဘော်ဒီဂတ် (ဘာသာပြန်)
Short StoryOngoing / Start Date : April 28 , 2022 အသေးစိတ်ကျကျနဲ့ အတိအကျ ဘာသာပြန်ထားခြင်းမဟုတ်ပါ။ ကြိုက်နှစ်သက်ရာ အပိုင်းလေးတွေကိုပဲ အကြမ်း ဘာသာပြန်ထားပါတယ်။ ဝတ္ထုနဲ့ကာရိုက်တာတွေက ဘာသာပြန်သူ မပိုင်ပါဘူး။ အင်္ဂလိပ်ဘာသာပြန်သူဆီမှ ခွင့်ပြုချက်ယူပြီး ဘာသာပြန်ထားပေ...