" ဟေးး Kinn .."
ပျော့ပြောင်းတဲ့အသံနဲ့ ခပ်တိုးတိုးပဲ ကျွန်တော် ရေရွတ်လိုက်မိတော့ လက်ဆေးနေတဲ့သူက မှန်ထဲကနေ မော့ကြည့်လာရင်း ဖြည်းညှင်းစွာပဲ
ခပ်ညစ်ညစ်အပြုံးပါတဲ့
နှုတ်ခမ်းတွေနဲ့ ပြုံးပြလာတာကို
တွေ့လိုက်ရတယ်။--
အံ့သြခြင်းနဲ့တွေဝေခြင်းများ ရောထွေးနေရာကနေ အသိပြန်ဝင်ဝင်လာချင်းပဲ ခေါင်းကို လှည့်လိုက်ရင်း Kinn
ကို ကျော်ကာ ဖြတ်လျှောက်ဖို့
ခြေလှမ်းတွေ စလှမ်းလိုက်မိတယ်။ရုတ်တရက်ကြီး လက်တစ်ဖက်က လက်မောင်းကို ဖမ်းဆွဲလာပြီး နောက်လက်တစ်ဖက်က ဆံပင်တွေကို ခပ်ဖွဖွနာစေရုံမျှ အားနဲ့ဆွဲလာတာကြောင့် ဆွဲတဲ့သူရှိရာနောက်ဘက်ကို ကိုယ်လုံးက ပြန်ရွေ့သွားမိတယ်။
" နှုတ်မဆက်တော့ဘူးလား? "
လက်တွေကို ဆောင့်တွန်းလိုက်ပေမယ့် ဆံပင်တွေကြားထဲမြှုပ်နေတဲ့ Kinn လက်ချောင်းတွေကတော့ မလွတ်ထွက်သွား။
" ဘာဖြစ်ချင်နေတာလဲ? "
Kinn မျက်လုံးတွေကို တိုက်ရိုက်မကြည့်မိစေဖို့ မျက်လုံးတွေကို အဝေးကိုသာ ပို့ထားရင်း မေးလိုက်ပေမယ့် နီးကပ်လာတဲ့ အကွာအဝေးကို ခံစားမိလာတဲ့အမျှ ကျွန်တော့်ခန္ဓာကိုယ်ကပါ တောင့်တင်းလျက်။
" ဟေး..ငါပါဟ..သရဲမဟုတ်ပါဘူး။ ဘာလို့ အဲ့လောက် ဖြူဖျော့နေတာလဲ? "
Kinn က ခပ်တိုးတိုးရယ်သံပါတဲ့ အသံနဲ့ ပြောတယ်။ သူ့မျက်နှာထက်မှာတော့ ကျွန်တော်အမုန်းရဆုံး ဘဝမြင့်နေတဲ့အပြုံးမျိုးက နေရာယူလျက်။
YOU ARE READING
မာဖီးယားနဲ့ သူ့ဘော်ဒီဂတ် (ဘာသာပြန်)
Historia CortaOngoing / Start Date : April 28 , 2022 အသေးစိတ်ကျကျနဲ့ အတိအကျ ဘာသာပြန်ထားခြင်းမဟုတ်ပါ။ ကြိုက်နှစ်သက်ရာ အပိုင်းလေးတွေကိုပဲ အကြမ်း ဘာသာပြန်ထားပါတယ်။ ဝတ္ထုနဲ့ကာရိုက်တာတွေက ဘာသာပြန်သူ မပိုင်ပါဘူး။ အင်္ဂလိပ်ဘာသာပြန်သူဆီမှ ခွင့်ပြုချက်ယူပြီး ဘာသာပြန်ထားပေ...