အတိတ်က လူ...

606 38 3
                                    


( Kinn ရဲ့ အချစ်နဲ့ပတ်သက်တဲ့ ရင်တွင်းခံစားချက်များနဲ့ Porsche အပေါ် ဘယ်လို ခံစားမိနေပါတယ်ဆိုတာကို သိရမယ့် အပိုင်းပါ ။ ရှေ့က ပြန်ပေးဆွဲခံရတဲ့ အပိုင်းနဲ့
ဆက်နွယ်မှု မရှိပါ။ )

အခန်းထဲ ဝင်ဝင်လာချင်းပဲ ကြားနေရတဲ့အသံကြောင့် လှမ်းနေတဲ့ ခြေလှမ်းကို
ရပ်လိုက်မိတယ်။

" အဲ့တစ်ကြောင်းတော့ ထပ်ပြောပေးလေနော်...Tawan က Kinn ထပ်ပြောတာကို ကြားချင်သေးတာ "

" မရိုက်နဲ့ "

" အမြဲ အဲ့လိုပဲ... "

"..."

" မအိပ်ချင်သေးဘူးလေ.. ဒီလောက် နေထွက်နေသေးတဲ့ဟာ။ ဘေးမှာကလည်း Kinn ရှိနေမှတော့...ဟမ်?"

" တော်ပါတော့...အန်ထွက်တော့မယ်"

ဒီစကားတွေကို ကောင်းကောင်းမှတ်မိနေတဲ့ ကျွန်တော့်အတွက်က ကြောင်အမ်းနေမိတာအမှန်။ ချက်ချင်းပဲ အရှိန်နဲ့ မြန်မြန်ဝင်သွားလိုက်ရင်း ကျွန်တော့်ဖုန်းအဟောင်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာ ကြည့်နေတဲ့ Porsche ရဲ့ လက်ထဲကနေ ဖုန်းကို လုယူလိုက်တယ်။

" အ..ဒီတစ်ခုမှ မဟုတ်တာ.. နောက်တစ်ခု "

ဖိုင်တွေသိမ်းထားတဲ့ နောက်ဖုန်းတစ်လုံးကို ပြဖို့သွားရင်း ခုနက ဖုန်းကို ယူခိုင်းလိုက်မိတဲ့ Porsche ကို ပြောလိုက်မိတယ်။

" .."

Porsche လည်း ထိုနေရာမှာပဲကြောင်အမ်းအမ်း ရပ်နေရာမှ ဗလုံးဗထွေးနဲ့

" အာ...အံဆွဲက နှစ်ခုတောင်ရှိတာလေ..။ ငါလည်း ဘယ်တစ်ခုထဲမှာလဲ မသိတာနဲ့ "

Porsche က ခပ်မြန်မြန်ပဲ ကျွန်တော့်ကို
မကြည့်ဘဲ နောက်ဖုန်းတစ်လုံးကို ကောက်ကိုင်တယ်။

" အောက်ဆင်းပြီး နားတော့.. မနက်ဖြန်မှ ဆက်လုပ်ကြမယ် "

စကားဖြတ်စရာရှိ မြန်မြန်ဖြတ်လိုက်တယ်။ Porsche မျက်နှာက ခုထိ ပြန်မကောင်းလာ။ ခေါင်းသာညိတ်ပြပြီး ဆိုဖာနားက ဖန်စားပွဲပေါ်က စာရွက်တွေကို ညီညီညာညာ ပြန်လုပ်ပြီးမှ အခန်းထဲက ထွက်သွားတယ်။ အခန်းတံခါးဝကနေ မြင်နေရတဲ့ Porsche ရဲ့နောက်ကျော ဝေးသွားတော့မှ ကျွန်တော် သေချာ သက်ပြင်းကို ချလိုက်နိုင်တော့တယ်။

မာဖီးယားနဲ့ သူ့ဘော်ဒီဂတ် (ဘာသာပြန်) Where stories live. Discover now