" Oiiii! သိပ်လည်း စိုးရိမ်မနေနဲ့ Porsche.. Khun Kinn က အလိုမတူတဲ့သူကိုဆို.....
မလုပ်ပါဘူး "သံရှည်ဆွဲရင်း မျက်လုံးမှေးစင်းကာ
ကျွန်တော့်ကိုကြည့်ပြီး ပြောလာတဲ့ Pete ကို ခြေထောက်တွေရှိရာဆီ ကန်ပေးလိုက်ရင်း" မယုံပါဘူး! "
" တကယ် Porsche ရဲ့။ D*** ပါတယ်ဆိုတိုင်း အဲ့လို လူတကာကို လိုက်လုပ်နေတဲ့သူ
မဟုတ်ဘူး "" ဒါဆို မင်းရော? သူ မင်းကို တခုခု မလုပ်ဖူးဘူးလား? "
ကျွန်တော့်အပြင် ဘေးမှာထားထားသမျှ လူတိုင်းကို Kinn အဲ့လိုလိုက်လုပ်နေသလားဆိုတာ သိချင်တဲ့စိတ်နဲ့ Pete ကို မေးမိလိုက်တယ်။
" အိုးဟိုး..ငါ့လို မျက်နှာမျိုးလား... ရုပ်ကိုကြည့်ပြီး Khun Kinn က အန်နေပါဦးမယ်။ မင်းလို ရုပ်ချောချော ခန္ဓာကိုယ်လည်းတောင့်တောင့်ဆိုရင်တော့........မပြောတတ်ဘူးပေါ့ "
Pete က ရယ်မောရင်း ပြောနေပြန်လို့ ကျွန်တော့်မှာ သူလက်မြှောက်အရှုံးပေးရတဲ့အထိ ပန်းခြံထဲ ပြေးလိုက်ဖမ်းလိုက်ရသေးတယ်။
Pete ကတော့ အဲ့လိုမျိုး Kinn က လုပ်နေကျမဟုတ်တာတော့ သေချာတယ်တဲ့။ Pete ကို ကြည့်ပြန်တော့လည်း ကြည့်ကောင်းတဲ့ ရုပ်နဲ့ခန္ဓာကိုယ်ရှိတာပဲလေ။ ဘာလို့ ဒီလူတွေထဲမှ ကျွန်တော့်ကိုမှလဲ?
" ဘာလို့ ငါဖြစ်နေရတာလဲ Ai'Kinn!!"
" Porsche မင်းသိလား...မင်းမူးနေရင်တော့ ချစ်ဖို့ကောင်းတယ်ဆိုတာ ဟီးဟီး "
.....
အဲ့နောက်ပိုင်း Kinn က ကျွန်တော့်ကို အသေခိုင်းတယ်။ စာရွက်ဖိုင်တွေ မဦး ၊ စားစရာယူလာဦးနဲ့ ဆက်တိုက်လိုလိုကို ခိုင်းတာ။
သီးသန့်ခေါ်တွေ့ရင်တော့ မအားဘူးပဲ ကျွန်တော် ပြောပြောလိုက်တယ်။ တခုခု ထပ်လုပ်လာမှာဆိုးလို့ တမင် မသိချင်ယောင်ဆောင်ထားပြီး နှစ်ယောက်တည်းဖြစ်မယ့် အချိန်တွေကို ရှောင်နေလိုက်တယ်လေ။
YOU ARE READING
မာဖီးယားနဲ့ သူ့ဘော်ဒီဂတ် (ဘာသာပြန်)
Short StoryOngoing / Start Date : April 28 , 2022 အသေးစိတ်ကျကျနဲ့ အတိအကျ ဘာသာပြန်ထားခြင်းမဟုတ်ပါ။ ကြိုက်နှစ်သက်ရာ အပိုင်းလေးတွေကိုပဲ အကြမ်း ဘာသာပြန်ထားပါတယ်။ ဝတ္ထုနဲ့ကာရိုက်တာတွေက ဘာသာပြန်သူ မပိုင်ပါဘူး။ အင်္ဂလိပ်ဘာသာပြန်သူဆီမှ ခွင့်ပြုချက်ယူပြီး ဘာသာပြန်ထားပေ...